Unicode
Love is the most powerful
Ep.1-part.2တီ. . .တီ. . .
နှိုးစက်မြည်သံလေးက ဟာယွန်းလေးထဖို့အချိန်တန်ပြီဖြစ်ကြောင်း ဖော်ပြနေလျှက်ရှိသည်. . .
အချိန်ကား. .. မနက် ၅နာရီ. . .
နေတောင်မထွက်သေး. . .ဟာယွန်းလေးကတော့ထရမည်. . .သူလေးအဲ့လိုသာမထရင်. . .
သူလေးအဲ့လိုကျောင်းဆက်တက်ဖို့ ကျောင်းစရိတ်ရှိမှာမဟုတ်ပေ. . .
ဟာယွန်းလေး မိဘတွေပိုင်ဆိုင်မှာကိုလည်း မိထွေးဖြစ်သူက ကောက်ကျစ်တဲ့နည်းဖြင့်အရယူထားလေသည်. . ."ဟဲ့. . .ဆောင်းဟာယွန်း. . .ညည်း နှိုးစက်ကြီးမြည်နေတာမကြားဘူးလား. . .တစ်အိမ်လုံးလဲဆူညံနေတာပဲ. . .သူများတွေအိပ်ကောင်းနေတာနားမလည်ဘူးလား"
မနက်စောစောစီးစီး မိထွေးဖြစ်သူရဲ့ မြည်တွန်တောက်တည်းမှု ကိုခံရပြန်သော ဟာယွန်းလေး. . .
စိတ်ထဲဝမ်းနည်းသွားမိပြန်သည်. . .
သူမ မေမေ ရှိတုန်းကဆို သူမရဲမနက်ခင်းအစတိုင်းက သူမ မေမေရဲ့အသံချိုချိုလေးက အမြဲ နေရာယူလျှက်. .." ဟဲ့. . .ဆောင်းဟာယွန်း. . .ငါပြောနေတာမကြားဘူးလား. . .တကယ်ပါပဲ. . .နားကန်းနေလားမသိပါဘူး. . ."
မိထွေးဖြစ်သူရဲ့ အသံကြောင့် အတိတ်ကိုလည်နေသော ဟာယွန်းလေးအတွေး . . . လက်ရှိသို့ပြန်ရောက်ခဲ့သည်.
"ဟုတ်ကဲ့ ဒေါ်လေး. . .အခုပိတ်လိုက်ပါ့မယ်"
ဟာယွန်းလေးနှိုးစက်ကို ပိတ်ပြီး. . .သတင်းစာဝေဖို့ပြင်ဆင်ထွက်ရတော့သည်. . .သတင်းစာပို့ပြီး ကျောင်းတန်းသွားရတဲ့ဟာယွန်းလေး. . .မနက်စာဆိုတာဘာမှန်းမသိခဲ့တာ ၅နှစ်ရှိခဲ့ပြီ. . .
* * *
"ဟုတ်ပြီ. . .ဟုတ်သေးဘူး. . .ဖြစ်သင့်လား. . .မဖြစ်သင့်ဘူး. . .ဒါပေမယ့်နဲနဲလေးဖြစ်သင့်ပြန်တယ်"တစ်ယောက်တည်း တိုင်ပတ်ကာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေပါသော သခင်လေး ပုကျိ. . .
ကိုယ်ရံတော်တပ်မှုးလေးမှာ သူ့သခင်လေးကိုကြည့်ပြီး
ခေါင်းပင်မူးနေပြီ. . ."သခင်လေး. . .ဘာတွေဖြစ်နေတာလဲ . . .ကျနော့်ကိုပြောပြပါလား. . .သခင်လေးကိုကြည့်ပြီးကျနော်မူးနေပြီ"
YOU ARE READING
Love is the most powerful
Mystery / Thrillerဘယ်အရာတွေဘယ်လိုခြားထားခြားထား. . . ဘာအကြောင်းကြောင့်ပဲဝေးကွာဝေးကွာ. . . မင်းသာလျှင်. . .ငါအချစ်မြတ်နိုးဆုံးရာ. . . * Jimin Oc fic * * Birthday present for Jimin * Zawgyi+Unicode💜