One Night Story 🌌🌃🌌
" GD ထပ်ထည့်ဦးလေကွာ ... ရော့ မော့ချလိုက်..."
Taeyang က ခွက်အပြည့်လျံကျသည့်အထိ လောင်းထည့်ပေးသော ခွက်အား GD လှမ်းယူကာ တစ်ချိုက်တည်း မော့ချလိုက်သည်။
" အရက်တွေ အများကြီး သောက်နေပေမယ့် ငါ့ရင်ဘတ်က နာကျင်နေတုန်းပဲ..."
" GD... မင်းစိတ်ညစ်တာတွေ လွင့်သွားတဲ့အထိသောက်လိုက် ..."
Taeyang က အသည်းကွဲနေသော သူ့သူငယ်ချင်းဧ။် ပုခုံးကို ပုတ်ကာ အားပေးလိုက်ပြီး တဖက်ရှိ လူအုပ်ဆီသို့ လှမ်းငေးကြည့်လျက်...
" ဟိုနားမှာ ဆော်အလန်းလေးတွေ... ဒီညအတွက် ခွင်ဖန်လိုက်ဦးမယ်... မင်းဒီမှာ ထိုင်သောက်နေဦးနော်..."
" ဟေး... Taeyang... ငါ့ကို တစ်ယောက်တည်း မထားခဲ့နဲ့လေကွာ..."
GD အော်ခေါ်နေသော်လည်း ကပွဲကြမ်းပြင်ထက်၌ အမိုက်စား ကကွက်များဖြင့် တဖက်မှ ကောင်မလေးများဧ။် အာရုံကို ခြွေချနေလေသော Taeyang မှာ သီချင်းသံမြူးမြူးကြားတွင် ယစ်မူးလို့နေလေသည်။
" အကျင့်မကောင်းတဲ့အကောင်... သူငယ်ချင်းတယောက်လုံး အသည်းကွဲနေတာကို ပစ်ထားခဲ့ပြီး ဆော်တွေနဲ့ ပလူးနေတယ်..."
GD စိတ်တိုတိုနဲ့ ပြောဆိုလိုက်ရင်း လက်ထဲရှိ ခွက်ကိုမော့ကာ သောက်ချလိုက်တော့ ရင်ထဲပူဆင်းလို့ သွားလေသည်။
🌙⭐🌙⭐🌙⭐
" Tabi မင်း ဘယ်တွေ ငေးနေတာလဲ... ပြန်ကြမယ်လေ..." ဟု လျှာလေးအာလေးဖြင့် ဘေးမှ ပြောနေသော Dae Saung ကို လျစ်လျူရှုရင်း ခပ်လှမ်းလှမ်းမှ စားပွဲတွင် တယောက်တည်း ပုလင်းများကြား ခေါင်းဝင်ကာ မူးနေပုံပေါ်သော ကောင်လေးကို စူးစူးစိုက်စိုက် ဆက်ကြည့်နေမိသည်။
" ငါပြန်ပြီနော် မင်းဘာသာ နေခဲ့တော့ကွာ..."
အတော်လေးမူးနေကာ စိတ်တိုတိုဖြင့် ထွက်သွားသော Dae Saung ကို မကြည့်ပဲ သွားသွား ဟူသော လက်အမူအရာသာ လှမ်းပြလိုက်ပြီး မိမိ အာရုံကျနေသော ထိုကောင်လေးကိုသာ စိတ်ဝင်တစား ကြည့်နေလိုက်သည်။
⭐🌙⭐🌙⭐🌙
ခေါင်းထဲ ရီဝေဝေဖြင့် အရက်မူးစပြုလာသော အရှိန်ကြောင့် ပုလင်းအဖုံးကို ဖွင့်သောလက်ချောင်းတို့က လိုသလိုဖွင့်မရပဲ ချော်ထွက်နေလေသည်။
