Part 38(Final)

910 47 3
                                    


လေးညှို့ရှင်

အပိုင်း (၃၈)

ဇာတ်သိမ်း

#လေးညှို့ရှင်

101020200429

"ဟင်...ဒီလိုလား.."

"အင်း..."

ဇင်သန့် ထင်ထားသလို သူ့အကြိုက် ကြီးကျယ်ခမ်းနားတာမျိုးမဟုတ်ပဲ နှစ်ထပ်တိုက် ခပ်သေးသေးလေး ဖြစ်နေတော့ အံသြသွားသည်။

ခြံကျယ်ပြီး မြက်ခင်းစိမ်းတွေခင်းထားကာ ပန်းခြံသဘောမျိုး ပြင်ဆင်ထားသေးသည်။

ရေကူးကန် ကို သူ့စိတ်ကြိုက် နက်နက် ထားပြီး အခန်းတစ်ခုလို ဖွဲ့ထားလို့ တော်သေး၏..။

"ဒီအခန်းကိုတော့ သတိထားရမယ်..ဟန်နီ...ကလေးတွေနဲ့..နောက်ပြီး တအားနက်နေတာကို လုံးဝမကြိုက်ဘူး.."

"အိုကေပါတယ်...အပြစ်ပြောမနေနဲ့...အိမ်ထဲ ၀င်ကြည့်ရအောင်..."

ဇင်သန့်လက်ကို ကလေးတစ်ယောက်လို ဆွဲခေါ်ပြီး အိမ်ထဲ ၀င်လာတော့ ပြတင်းပေါက် အကြီးတွေနဲ့ မှန်တံခါးတွေကြောင့် အတော်လေး အလင်းရောင်ဝင်သည်။

ဘေးဘက်က ထောင့်ချိုးနေရာလွတ်ကို ကလေးတွေအတွက် ကစားဖို့အခန်း သီးသန့် ဖွဲ့ပေးထားသည်။

"၀ိုး...မိန်းမ က တော်လိုက်တာ..."

"ဒါပေါ့..."

ဇင်သန့် ခါးကို ဖက်ရင်း တစ်ချက်နမ်းလိုက်တော့ ပြုံးစေ့စေ့ ဖြစ်သွားသည်။

သူ့ခါးကို ဆွဲဖက်ပြီး နံရံမှာ တွန်းကပ်လိုက်တော့ မျက်ခုံးပင့်၍ ကြည့်သည်။

"အဲလို လုပ်ရင် အရမ်းရင်ခုန်တယ်မလား..."

"နိုး..."

"အိုး...ဟန်နီ နဲ့ စတွေ့ကတည်းက အဲလို လုပ်ရင် ကျွန်တော် အရမ်း ရင်ခုန်ခဲ့ရတယ်လေ.."

"အဟက်...ယူက တုံးတာ ကိုး..."

"ဟား..ဟား..ဟုတ်ပါပြီ..လှေကားတွေက မများလို့တော်သေးတယ်."

သူ့လက်ကို ဆွဲပြီး အပေါ်ကို တက်လာခဲ့လိုက်တော့ မထင်ထားပဲ ပန်းချီတွေ ချိတ်ထားတဲ့ အခန်းကို အရင် တွေ့ရသည်။

လေးညှို့ရှင် Where stories live. Discover now