chapter-1

31 1 0
                                    

Air KBZ(from Manchester to Yangon)

အဝေးမှပျံသန်းလာသောခရီသည်တင်ဘီးတပ်လေယာဉ်ပျံကြီးက  ဒဂုန်မြို့အတွင်းရှိရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးအတွင်းသို့  ဆင်းသက်လာချေပြီ။

လူသံများဆူညံနေသောairportအတွင်းမှတော့
‌ ဝေးတစ်မြေနိုင်ငံရပ်ခြားဆီမှပြန်လာသော  မိမိတို့၏သက်ဆိုင်သူ၊ မိဘ၊မောင်နှမသားချင်းများအားကြိုဆိုနေသူများဖြင့်  ပြည့်ကျပ်လျှက်ရှိနေပေသည်။

၁၈နာရီ၅မိနစ်မျှစီးနင်းလိုက်ပါခဲ့သောခရီးသည်များမှာလည်းလေယာဉ်စိုက်သည်နှင့်တစ်ပြိုင်နက်  မိမိတို့၏luggageများကိုဆွဲ၍ မိမိတို့၏နာမည်boardပြားလေးအားထောင်ကာ လာရောက်ကြိုဆိုနေသူများကို လိုက်လံရှာဖွေကာပျော်ရွှင်စွာနှုတ်ဆက်ပွေ့ဖက်နေကြပေသည်။

ထိုများပြားလှသောခရီးသည်များကြားတွင်မူအသက်၂၁အရွယ်ကောင်လေးတစ်ယောက်လည်းပါနေပေသည်။သူသည်လည်းအများနည်းတူပင် မိမိအားလာရောက်ကြိုဆိုမည့် ချစ်လှစွာသောသက်ဆိုင်သူအားလိုက်လံရှာဖွေနေပေသည်။

Nike brand hoodie အနီရောင်, Nike brand ဂျင်းဘောင်ဘီအဖြူအရှည်နှင့်ASICS brand ရှူးဖိနပ်အနီလေးအားဝတ်ဆင်ထားသော ကောင်လေး၏ရုပ်ရည်မှာ ဆံပင်အုပ်အုပ်နက်နက်လေးများ၊မျက်ဝန်းနက်နက်လေးများ၊နှုတ်ခမ်းနီနီဖူးဖူးလေးများ၊ပါးပြည့်ပြည့်လေးများနှင့်နို့နှစ်ရောင်အသားအရေလေးဖြင့် နတ်သက်ကြွေသေားနတ်သားလေးတစ်ပါးနှယ်ချောမောနေသလောက် နှစ်ဖက်ထိလုနီးနီးတွန့်ချိုးထားသေား
မျက်ခုံးနက်လေးနှစ်ခုမှာမူ တစ်ခုခုအားအလိုမကျနေမှုအားအထင်းသားပေါ်လွင်စေနေပေသည်။

"မောင်ကလည်းမရောက်သေးဘူးလားကွာ..
နောက်ကျလိုက်တာ.."

ပွစိပွစိဖြင့်ပြောနေသောအကြင်ကောင်လေး၏နှုတ်ခမ်းတစ်စုံမှာလည်းမြင်ရသူများအဖို့အသည်းယားစရာကောင်းနေလှပေသည်။

"ငါစောင့်နေတာ နာရီဝက်တောင်ရှိနေပြီ..
လာမကြိုတော့ဘူးလားမသိဘူး.."

"အဲ့တာလည်းမဖြစ်နိုင်ပါဘူး..
မနေ့ကလေးတင်သူလာကြိုမယ်လို့သေသေချာပြောထားတာပါ.."

You've reached the end of published parts.

⏰ Last updated: Oct 26, 2020 ⏰

Add this story to your Library to get notified about new parts!

မောင်....ပျော်စေWhere stories live. Discover now