The Finicky🖤1❤️

2.2K 69 14
                                    

မနက်မိုးစင်စင်လင်းတာနဲ့ ခြံစည်းရိုးတစ်ခုသာခြားတဲ့ ဟိုဘက်အိမ်က Kimy ကို ဖုန်းခေါ်ပြီး အသံပြဲနဲ့လှမ်းနိုးရသည်။ဒါက ကျွန်တော့် လို ရုပ်ချောချော အသားဖြူဖြူ စော်ကြည် တဲ့ကောင်လေးရဲ့ အလုပ်တစ်ခုလို ဖြစ်နေတာလေ အကြောင်းအရာက Final year ကျွန်တော့်လို လိမ္မာတဲ့သားလေးက Kimy လို စပ်စလူး စိန် ဓာတ်ပူးပိန်မကို ထိန်းသိမ်းစောင့်လျှောက်ရမဲ့ တာဝန်အရ ကျောင်းနောက်မကျရေးအတွက် ထိန်းချုပ်နည်းတစ်ခု

"Hello........Hello......Hello.....ကာလနဂါးထက်ဆိုးတဲ့ ကာလနဂါးရဲ့ အဖွား ရဲ့ အဖွား ရဲ့ အမေရေ ထပါတော့ဗျ"

ဖုန်းကိုင်သည်နှင့် အသံကိုချီကာ Hello တင် သုံးခါလောက် ဖင်ပွင့်ထွက်အောင် အော်နိုင်တဲ့ Saint ပါလေ ဘယ်ရပါ့မလဲ Saint Suppapong တဲ့ တစ်Pong တည်းရှိတာ Kimy ကို မနိုးနိုင်ရင် လူမလုပ်ဘူး

"သေနာကျ ခွေးဝဲစား လိပ်ခေါင်းထွက်အောင်အော်မနေနဲ့ အိပ်ချင်တဲ့စိတ်တောင် လင်ရသွားလောက်ပြီ နိုးပြီ နိုးပြီ ဟေ့........"

"စောစောစီးစီး အမင်္ဂလာ စကား တွေပြောမနေနဲ့ Kimy မ နောက်ငါးမိနစ်နေရင် ခြံထဲအရောက်လာခဲ့ ဒါပဲ ဒါပဲ"

ဒီလိုမနက်ခင်း နှိုးတဲ့အချိန်က Saint Suppapong ရဲ့ အချိန်အခါ ရာသီပဲ သွားတိုက်မျက်နှာသစ်ကာ အဝတ်အစားလဲ ပြီး လွယ်အိတ်လွယ်ကာ Mae ကို မနက်ခင်းနှုတ်ဆက်ပြီး ပြင်ဆင်ပေးထားတာတွေ စိတ်ကြိုက်စားလိုက်သည်။

"ရေမချိုးလာဘူးလား Saint"

"ညက ချိုးထားလို့လေ ဂလု....ပေကုန်ပြီ"

ဟင်းရည်ကို ရှူးရှူးရှဲရှဲ အသံပေါင်းစုံထွက်အောင်သောက်ပြီး မျိုချလိုက်တဲ့ အသံ ဂလု ရဲ့ပဲ့တင်သံတောင်ထွက်လာခဲ့သည်။ဟင်းရည်ရဲ့ အဆီအနှစ်တွေက အင်္ကျီ အဖြူပေါ်စွန်းထင်းသွားတာကြောင့် Tissue ယူကာ သုတ်တော့ အကွက်လိုက်ကြီးကကျန်ခဲ့သေးသည်။ခြံထဲမှာ ငါးမိနစ်ဟုသာပြောတာ နာရီဝက်လောက်ကြာမှာ ရောက်လာတဲ့ Kimy ကြောင့် အင်္ကျီလဲမနေဖြစ်တော့

"Saint အင်္ကျီအရင်သွားလဲလိုက် ပြီးတော့ ခေါင်းပါဖြီးခဲ့ နင့်ခေါင်းက ကျီးကန်းတောင် ဥဝင်ဥသွားနိုင်တယ် အဲ့ဒါကိုသိလား"

The Finicky(Complete )Where stories live. Discover now