ဆန်းကြယ်သောအချစ်(Part-16)ဆန်းကြယ်သောအချစ်

177 27 0
                                    

ဟိုလူတေ ဘက်ကသတင်းကြားပြီးထဲက Jong Inတ‌ေယာက်Kyung Soo နားကကိုမခွာပေ။ ဘယ်သွားသွား နောက်ကတကောက်ကောက်လိုက်နေတာ ကြောင့် တခါတရံKyung Sooခမျာ စိတ်ရှုပ်မိသည်အထိပင်။

JI-"Hyungဘယ်သွားမို့လဲ"

KS-"ဟမ်? မုန့်သွား၀ယ်မလို့ ဒီနားက စတိုးဆိုင်တင်ပဲ"

JI-"လိုက်ခဲ့မယ်"

KS-"Jong Inရယ် ဒီနားတင်ပဲကို၊လိုက်မနေနဲ့ဝော့ာလေ"

JI-"ဟာ..မရပါဘူး လိုက်မာပဲ။မလိုက်စေချင်ရင် hyungလဲမသွားနဲ့"

KS-"အာ့ဆိုလဲ လိုက်ခဲ့။တကယ်ပဲ"
*****
JI-"Hyungမုန့်တေက တော်ပြီလား။ယူဦးမှာလား"

KS-"တော်ပြီ။ဒီလောက်ပဲ ယူတော့မယ်။ရှင်းလိုက်ဦးနော်။hyungဒီရှေ့မာစောင့်နေမယ် "

ဒီလောက်ပဲယူတော့မယ်သာ‌‌ေပြာတာပါ
လက်ထဲမှာတော့ တပွေ့တပိုက်။ တဆိုင်လုံးက မုန့်တေများ ယူချလာသလား အောက်မေ့ရသည်။

Jong Inပိုက်ဆံရှင်းနေတုန်း Kyung Sooဆိုင်ရဲ့ မလှမ်းမကမ်းလေးမှာ စောင့်နေလေသည်။ Kyung Sooစောင့်နေရင်း နဲ့‌ကလေးတယောက်ငိုသံကြားတာကြောင့်
အသံကြားရာကို သွားကြည့်လိုက်သည်။

KS-"ကောင်လေး ဘာလို့ငိုနေတာလဲ။မင်းမိဘတွေရော"

"သားကဒီနားတင် နေတာပါ။ ခုကသားချောကလက်လေးကို သားသူငယ်ချင်းကလုစားသွားလို့"

KS-"Aww.သားက ချောကလက်စားချင်လို့လား။ရော့ ဒီမာမငိုနဲ့တော့နော်"

"ဟု ကျေးဇူးပါနော်။သားက အကို့ကို ဒီသကြားလုံးလေး ပြန်ကျွေးမယ်။စားပါနော်"

KS-"ကျေးဇူးပါဗျာ။သားလည်း အိမ်ပြန်တော့နော်။"

"အကို သကြားလုံးစားလိုက်လေ"

KS-"ခုစားရမာလား"

"ဟု၊သားရှေ့မာ စားလိုက်တော့ သားပိုပျော်တာပေါ့"

KS-"အင်းပါ။စားလိုက်ပြီနော်"

Kyung Sooလည်း ကလေးလေးပြန်သွားတော့ သူပါပြန်မယ်ဆိုပြီး ထလိုက်တဲ့အခါ ခေါင်းမူးသွားတာကြောင့် လူပင် ယိုင်သွားလေသည်။

JI-"Hyung..ဘယ်မှာလဲ။ပြန်ကြမယ်လေ။"

Kyung Soo တယောက်Jong Inအသံကိုကြားပေမဲ့ ပြန်မထူးနိုင်လောက်အောင် အားမရှိသလိုဖြစ်နေလေသည်။
သတိမလွတ်သေးခင် Baekhyunပေးထားတဲ့
စက်လေးကို ဖွင့်လိုက်ပြီး လဲကျသွားတော့သည်။

ဆန်းကြယ်သောအချစ်(ဆန်းကယ်ြသောအချစ်)U&Z {Complete} Wo Geschichten leben. Entdecke jetzt