YES SIR !!!

2.8K 260 107
                                    

Unicode ver:

-- ✍︎ --

ချစ်ခြင်းတရားကို ဘယ်မှာရှာသလဲ ဆရာ?
ခံစားချက်တိုင်းကိုနားမလည်ပေမယ့် ကျွန်တော်ကတော့ ဖောင်တိန်ကိုင်တဲ့လက်ချောင်းရှည်တွေကိုစချစ်မိခဲ့တာ . . .

-- ✍︎ --

Break time ပြီးရင် ဆရာဆော့ဂျင်အချိန်။
ဂျောင်ကုခါးကိုဆန့်ရင်း အပျင်းကြောဆွဲသည်။

ဆရာတွေပေးသမျှအိမ်စာတိုင်းကို လိုက်မလုပ်ပေမယ့်ဆရာဆော့ဂျင်ပေးတဲ့အိမ်စာတိုင်းကို ပြီးအောင် ကြိုးစားပမ်းစားလုပ်တာလေးကတော့ ခြွင်းချက်ပေါ့။ ဆရာဆော့ဂျင်ကချောတယ်။ အနေတည်တယ်။ ပြီးတော့ ချစ်စရာလေး။ ဒါ သူ့မျက်လုံးထဲမှာမြင်တဲ့ အလှတရားတွေ။

ဂျောင်ကုဟာ စာမတော်ပါဘူး။ သို့ပေမယ့် ဆရာဆော့ဂျင်သင်တဲ့ဘာသာရပ်တစ်ခုထဲမှာပဲ ထူးချွန်ကျောင်းသားဖြစ်နေတာမျိုး။ သိပ်အံ့ဩဖို့ကောင်းတာပဲ။ နောက်ထပ်အံ့ဩဖို့ပိုကောင်းသည်မှာ ဆရာဆော့ဂျင်ကသူလိုက်နေတဲ့ကောင်လေးပင်။

" ဟျောင့် ပွကြီး! မင်းဆရာ လာပြီ "

ဘောပင်အဖုံးကို ကျိုးကျေမတက်ကိုက်နေသည့် ဂျီမင်းက သူ့ကိုတံတောင်နဲ့လာတွတ်ရင်း ပြောသည်။ အတွင်းသိအစဉ်းသိတွေဖြစ်တာမို့ ဘေးချင်းကပ်ထိုင်တဲ့ဂျီမင်းသည် အနည်းနဲ့အများ သူ့အကြောင်းအားလုံးသိပါသည်။

ဟော...အတန်းထဲဝင်လာပါပြီ။
ဆရာဆော့ဂျင်ဟာလေ မရိုးနိုင်တဲ့အလှတွေကို ပိုင်ဆိုင်ထားတဲ့ပုရိသတစ်ယောက်ပါဆို။

" Yrr...စာအုပ်ထုတ်လေကွာ ဆရာဒီဘက်လှည့်လာပြီ မြန်မြန် " မျက်လုံးပြူးပြီးဖြဲခြောက်ကာ သတိလှမ်းပေးသည့်ဂျီမင်းကြောင့် ဆရာဆော့ဂျင်ထံအကြည့်မပျက်စေဘဲ လွယ်အိတ်ထဲကစာအုပ်တစ်အုပ်ကို စားပွဲပေါ်ဖြစ်သလိုတင်သည်။

သူတို့ထိုင်ခုံဘက်ကို တစ်ချက်ဝေ့ကြည့်လာသည့်ဆရာဆော့ဂျင်နှင့် ခဏတာအကြည့်ချင်းဆုံခဲ့သည်။ အကြည့်တစ်ချက်ကြောင့် လူသေတယ်ဆိုတာ သူ့ကိုစောင်းပြောတာပဲဖြစ်မယ်။

၂ စက္ကန့်လောက်သာ မျက်လုံးချင်းဆုံချက်မိခဲ့ပေမဲ့ သူ့မျက်လုံးထဲမှာတော့ slow motion အခါတစ်ရာသာ။ ငုတ်တုတ်မေ့၊တဖြုတ်ဖြုတ်ကြွေ ဆိုတာ ဒါမျိုး။

A MILLION MEMORIES || KOOKᒍIᑎ Oᑎᗴ-ՏᕼOTS✔︎Where stories live. Discover now