Seoulမြို့ရဲ့အထက်တန်းကျောင်းတစ်ကျောင်းတွင်
"Tae ငါသူ့ကိုပြောလိုက်ရင်သူစိတ်ဆိုးမလားဟင်"
"ဟျောင့်jimin နည်းနည်းပါးပါးစဥ်းစားလေကွာ
jungkookက lgbtကိုအဲ့လောက်မုန်းနေတာလေကွာ မင်းသာသွားပြောကြည့်တိတ်တခိုးချစ်ခွင်တောင်မရဘဲနေမယ်"
"ဟုတ်ပေမဲ့ Taeရယ် ငါလည်းတစ်ခါတလေ စိတ်လွတ်လက်လွတ်သူ့ကိုချစ်တယ်လို့ပြောချင်တယ်
ဒါပေမဲ့ သူဘာလို့lgbtကို လက်မခံနိုင်တာလဲမသိဘူး""မင်းတို့အဲ့တာဘာပြောနေကြတာလဲ ငါအခန်းပြင်မှာရောက်နေတာကြာပြီ"
Jiminလန့်သွားမိသည်။
ဒါဆိုငါသူ့ကိုချစ်ကြောင်းပြောနေတာရော ကြားသွားလားမသိဘူး စိတ်လေပါတယ်Park Jiminရယ် မင်းအဝေးက ကြည့်နေရုံပဲကျေနပ်ပါ။
"ဟျောင့်jimin မင်းဘာတွေတွေးနေတာလဲ ငါခေါ်တာမကြားဘူးလား"
ထိုအခါမှjiminလဲ စဥ်းစားနေရာမှပြန်လည်ကာ
"Sorry kookieငါမကြားမိလိုက်ဘူး အမေမှာတဲ့ပစ္စည်းကိုပြန်တွေးနေလို့"
"ဟာ kookieဆိုတဲ့နာမည်ကြီးမခေါ်နဲ့ကွာ ယောက်ျားချင်း ဘယ်လိုကြီးလဲမသိဘူး ငါပြောတာကနောက်တစ်ခါ ငါကို့စောင့်ရင်မင်းတို့မုန့်စျေးတန်းမှာစောင့်လို့ပြောမလို့"
"အေးပါ စောင့်မယ် ဒါပေမဲ့kookieလို့တော့ ခေါ်မှာပဲ အဲ့နာမည်ကချစ်ဖို့ကောင်းလို့ဟာ"
"ပြောမရလည်း မင်းသဘောပဲ ကဲအခု မုန့်စျေးတန်းသွားကြမယ် ဘယ်လိုလဲ"
ထိုအခါမှ jiminနဲ့tae
"Omm သွားကြမယ်"မုန့်စျေးတန်းသွားရာလမ်းတွင်
"ဟျောင့်tae ဟိုမှာကြည့်စမ်း ယောက်ျားချင်းချင်းဖတ်ရက်နေတာ မြင်မကောင်းလိုက်တာကွာ"
Jungkookပြောသောစကားကိုကြားသည်နှင့် jiminစိတ်ထဲဝမ်းနည်းမိသည်။
"Jungkook မင်းကလည်းကွာ အခုခေတ်ကအဲ့တာတွေကိုထည့်မတွက်ကျဘူး အဓိကက တစ်ယောက်နဲ့တစ်ယောက်ချစ်မြတ်နိုးဖို့ကွ ဟုတ်တယ်မလားjimin"
Taeလဲjungkookကိုပြန်ပြောရင်း jiminဝမ်းနည်းသွားမှန်းသိလို့ မေးလိုက်လေသည်။ထိုအခါမှjiminလည်း
"ဟုတ်တယ်kookie အချစ်ဆိုတာချစ်နေဖို့ပဲလေ love have no genderလေ"
"မင်းတို့နှစ်ယောက်က အဲ့လိုမျိုးတွေထောက်ခံတာလား"
Jumgkookမေးလိုက်သည့်စကားကို taeက jiminဝမ်းနည်းမည်ကိုစိုး၍အပြောင်ပျက်နေနဲ့စလိုက်လေသည်။
"ထောက်ခံတာငါတို့တင်မဟုတ်ဘူး လူတိုင်းပဲ မင်းသာတော့ဆန်နေတာ ရှေးရိုးဆွဲဖိုးဖိုးကြီး"
ဒီတော့မှjiminလည်း
"Agioo ငါတို့kookieက ရှေးရိုးစွဲဖိုးဖိုးကြီးပဲ ဟား....ဟား"
"ဘာ......ရှေးရိုးစွဲဖိုးဖိုးကြီး မင်းတို့နှစ်ကောင်တော့ ဟွင်း နာဖို့ပြင်ထား"ဟုဆိုကာ
လိုက်ရိုက်ရင်း အချိန်တွေကပျော်ရွှင်းရာကောင်းလှသည်။