Jungkookနဲ့Jimin အတူတူအတန်းထဲဝင်လာတာကိုတွေ့သောအခါ Taeက
"ဟျောင့်jungkook မင်းပြောတော့jiminကိုစကားမပြောတော့ဘူး အပေါင်းသင်းမလုပ်တော့ဘူးဆို ဘာလို့နှစ်ယောက်တူတူလာတာလဲ"
"အဟမ်း .....ဒါကဒီလိုကွာ ငါမင်းတို့နှစ်ယောက်ကိုပြန်ခေါ်မယ် ချစ်တာမချစ်တာကိုဂရုမစိုက်ဘူး"
သူ့စကားကြောင့် jiminနည်းနည်းတော့စိတ်လေးသွားသည်။
Jimin pov ( Kookieရယ် ချစ်တာမချစ်တာ ဂရုမစိုက်ဘူးတဲ့လား...ငါ့အချစ်ကို မယုံတာလား)
Jiminစိတ်ထဲတွင်တွေးနေပေမဲ့လည်း တကယ့်လက်တွေ့မှာတော့
"Omm ငါတို့အရင်လို သူငယ်ချင်းပြန်လုပ်မယ်နော်"
ထိုအခါTaeက
"မင်းတို့အဆင်ပြေရင်ပြီးတာပဲ ငါကတော့အေးဆေး"လို့ဆိုကာ ပခုံးတွန့်ပြသည်ကို jungkookကလည်း
"ငါလည်းအေးဆေးပါကွာ "ဟုပြောကာ ပြန်ပခုံးတွန့်ပြလိုက်သည်။
ဒီလိုနဲ့သူတို့ဆက်ဆံရေးက သူငယ်ချင်းဆက်ဆံရေးသို့ပြန်ရောက်ရှိကာ သာယာနေခဲ့သည်။တစ်နေ့ကျောင်းကန်တင်းတွင် သူတို့သုံးယောက်မုန့်စားနေစဥ်
"ဟျောင့်တေ မင်းတို့ကြားမိလား တန်းခွဲBကို ကျောင်းသူအသစ်ရောက်လာတယ်တဲ့ ပြီးတော့အရမ်းလည်းချောတယ်လို့ကြားတယ် သွားကြည့်ရအောင်"
jungkookတစ်ယောက် ပြောလိုက်သည့်စကားကြောင့် jiminစိတ်မကောင်းဖြစ်သွားသည်။
Jimin pov (အေးပေါ့လေ ငါကမိန်းကလေးမှမဟုတ်တာ သူကမိန်းကလေးပဲစိတ်ဝင်စားတာကို)
jiminမျက်နှာပျက်သွားသည်ကို မြင်သည့်taeက
"ငါတွေ့ပြီးပြီjungkook အဲ့ကျောင်းသူသစ်ကမချောပါဘူးကွာ မိတ်ကပ်လိမ်းထားတာလဲထူပိန်းနေတာပ"
"ဟျောင့် ဟုတ်လို့လားကွ တခြားသူတွေပြောတော့ အရမ်းချောတယ်လို့ကြားတာပါကွ"
"Kookieမြင်ချင်ရင် ငါတို့သွားကြည့်ကြမယ်လေ"
Jiminဝင်ပြောလိုက်သည့်စကားကြောင့် jkရောtaeပါ jiminကိုကြည့်မိသည်။
"Jimin မင်းကအရင်ကgirlတွေအကြောင်းစိတ်မဝင်စားပါဘူး ခုမှဘယ်လိုဖြစ်တာလဲ"
Jungkookပြောသည့်စကားကိုtaeက
"ဟုတ်သားပဲ မင်းအရင်ကစိတ်မဝင်စားပါဘူး သွားမကြည့်နဲ့ အဲ့လောက်ချောတာမဟုတ်ဘူး အာရုံနောက်တယ်"
ထိုအခါjiminမှ
"ငါလည်းgirlတွေကို စိတ်ဝင်စားကြည့်ရင်ကောင်းမလားလို့"
"ဘာ.."
"ဟျောင့်jungkook လန့်လိုက်တာကွာ jiminအဲ့တာလေးပြောတာကို ဘာလို့အဲ့လောက်အော်ရတာလဲ တခြားသူတေလန့်အောင်လုပ်မနေနဲ့"
"Kookie ဘာလို့အော်တာလဲ"
jungkookလည်း taeရှိနေသဖြင့်
"ဘာမှမဖြစ်ဘူး မင်းကအရင်ကအဲ့လိုမဟုတ်တော့ အံသြသွားလို. ဒါနဲ့jimin ကျောင်းဆင်းရင် ငါတို့တူတူပြန်ကြမယ်နော်"
jiminကလည်း
"အဲ့လောက်မလန့်ပါနဲ့ ငါကစိတ်ဝင်စားရင်ကောင်းမလားလို့ပြောကြည့်ရုံပါ အင်း တူတူပြန်မယ်လေ"
"ဟျောင့်တွေ မင်းတို့နှစ်ယောက်ပြောစရာရှိလို့ တူတူပြန်မယ်ဆိုတော့ ငါ့ကိုကျပြောစရာမရှိဘူးပေါ့ ဘာတွေဖုံးကွယ်ထားလို့လဲ မင်းတို့စိတ်ဓာတ်ပဲနော် ဟွန်း"
ထိုအခါမှjungkookနဲ့jiminလဲ
"Taeကလည်းကွာ အဲ့လိုမဟုတ်ပါဘူး kookieနဲ့ငါကလမ်းတူတယ်လေကွာ အဲ့တော့တူတူပြန်ရင်း ဟိုအကြောင်းဒီအကြောင်းလေးပြောကြရုံပါ"ဟုဆိုကာ agiooတွေလုပ်ပြရင် taeကိုချော့နေသောjiminကို jungkookမျက်တောင်မခတ်တမ်းစိုက်ကြည့်နေမိသည်။
အဲ့တာကိုမြင်သည့်Taeက
"Jungkook မျက်တောင်လေးဘာလေားခတ်အုံး jiminကိုကြည့်နေတာနဲ့မင်းမျက်လုံးလဲ jiminမျက်နှာကိုသွားကပ်နေအုံးမယ်"
Taeရဲ့စကားကြောင့် jiminတစ်ယောက်jungkookကိုကြည့်မိကာ နှစ်ယောက်သားအကြည့်ချင်းဆုံပြီး jiminလည်းမျက်နှာကြီးနီရဲလာကာ jungkookမှာလဲရှက်ကိုးရှက်ကန်းဖြင့်
"ဟျောင့်tae ငါဘယ်မှာမျက်တောင်မခတ်ဘဲကြည့်လို့လဲ အဟမ်းးး မင်းလျောက်ပြေ.မနေနဲ့"
"အခုမှလာပြီး ရှက်ကိုးရှက်ကန်းနဲ့ ငါလာရမ်းမနေနဲ့ ငါလျောက်မပြောဘူး ထိုင်ပြောနေတာ ငါ့မျက်လုံးနဲ့မင်းjiminကိုကြည့်နေတာကို သေချာမြင်တာနော် ကြည့်နေလိုက်တာများ မျက်တောင်တောင်မခတ်ဘူး မျက်နှာကလည်းဖြီးပြီးကြညိ့နေတာ မင်းjiminကိုမမြင်ဖူးဘူးလား"
"ဒီကောင် ပြောလေဆိုးလေ အဟမ်းးးးးမပြောတော့နဲ့ မြန်မြန်စား အတန်းပြန်တတ်ရတော့မယ်"
"ဟို ဟုတ်သားပဲ tae ကျောင်းပြန်တတ်တော့မယ် သွားကြရအောင်"
"မင်းတို့နှစ်ယောက် တော်တော်အတိုင်ပေါက်ညီနေပါလား အရင်တုန်းကကြ အတန်းပြန်တတ်မှသွားတာလေ အခုကျစောစောပြန်တတ်ချင်ကြပြန်ပြီ မင်းတို့သဘောပဲ ကြွကြွ စားရတာတောင်မျိူမကျဘူး"
Taeတစ်ယောက်လည်း jungkookနဲ့jiminကိုရွဲ့ကာပြောလိုက်သည်။
Taeသိတာပေါ့ jungkookတစ်ယောက်jiminကြည့်တဲ့အကြည့်တွေက အရင်နဲ့မတူပဲနူးညံ့လာတာတွေကို
Tae pov (jungkook မင်းက မင်းစိတ်ကိုမင်း lgbtဆိုတာကိုလက်မခံနိုင်လို့ ဘယ်လောက်ပဲထိန်းချုပ်ထိန်းချုပ် အချစ်ကတားလို့ရတာမှမဟုတ်တာ မင်းစိတ်ကိုမင်းလက်ခံနိုင်ဖို့ပဲမျှော်လင့်တယ်)