Part-5

27 1 0
                                    

Unicode

"ကိုကို.."

"အစကတော့ မသေချာခဲ့ဘူး..."

"ကိုကို့ အပေါ်ထားတဲ့ ခံစားချက်ကို နားလည်ပြီမို့...
ကိုကို့ကို ချစ်တယ်။ ဟုတ်တယ် ။ကို့ကို့ကို သားအရမ်းချစ်တယ်"

———————————

ကြယ်သွန်းခ "Green House" ဆိုတဲ့ ဆိုင်လေးကို သွားတာ ၁လလောက်ရှိပြီ ။

နေ့တိုင်း ...ကိုကို့ အနားမှာ ရှိနေရတာနဲ့တင် ကျေနပ်နေမိပြီ။ကိုကို့နဲ့အတူ နေ့ရက်တိုင်း ကျော်ဖြတ်ချင်မိသည်။

သ၀န်လဲတိုတတ်လာပြီ။ ပန်းဆိုင်ကိုလာတဲ့ ခပ်ချောချောကောင်လေးတွေ၊ကောင်မလေးတွေနဲ့ ကိုကိုစကားပြောနေတာ မြင်ရင် လိုက်နှောင့်ယှက်တတ်နေပြီ။

ဆယ်ကျော်သက်ရင်ခုန်သံမို့....
အချစ်ဦးမို့....
ဆိုတဲ့ ခေါင်းစဥ်တွေနဲ့ အထိမခံနိုင်အောင် သ၀န်တိုနေတာ မဟုတ်ဘူး ကိုကို။
ကိုကို ဖြစ်နေလို့ကို သ၀န်တိုမိတာပါ။

သားကို ခံစားရစေတဲ့ စကားတစ်ခွန်းရှိတယ် ကိုကို။
*ဒါ ကျွန်တော့်ညီလေး* ဆိုပြီး လူတိုင်းကို ဂုဏ်ယူစွာ မိတ်ဆတ်ပေးနေပေမဲ့ ကျွန်တော် ရင်နာရတယ် ကိုကို...

ကိုကို့ အပေါ်မှာ မရိုးသားနိုင်တာ သိရင် အခုလို သားကို ဂရုစိုက်ဦးမှာလား ကိုကို။

သားကြောက်တယ် ကိုကို...
အမြဲတမ်း ပျော်နေတတ်တဲ့ သားက အခုတော့ ကိုကိုထားသွားမှာတွေးရင်း ကြောက်တတ်လာပြီ။

"ခလေး..ကိုကို့ကို ကြည့်ပြီး ဘာတွေတွေးနေတာလဲ"

သူ့ရှေ့မှာထိုင်ပြီး ငိုင်တိုင်တိုင်နဲ့ ထိုင်ကြည့်နေသော ခလေး။ ဒီနေ့မှ ငြိမ်နေသလိုပဲ။ ခါတိုင်း ဆိုင်ကိုလာတာနဲ့ အငြိမ်မနေတဲ့ ကလေးက ဒီနေ့မှ ငြိမ်နေတယ်ဆိုတော့..

"နေမကောင်းလို့လား ခလေး" နှဖူးကို စမ်းရင်း မေးလိုက်သည်။ ဘာမှမဖြေ...

"သွန်းမြတ်နိုး ဆူလိုက်လို့လား" 

တိတ်ဆိတ်လျက်.....

ခလေး!  အော်ခေါ်လိုက်မှ သတိကပ်သလို ကိုယ်တစ်ချက် တွန့်သွားသည်။

ကျွန်တော့်ချစ်သူ ကိုကို Florist(Unicode&Zawgyi)Where stories live. Discover now