"A beast and a witch"
သူမနာမည်က Flammo
မီးတောက် (flame)ကနေ မှည့်ထားတဲ့
အမည်နာမတခုပဲ
သူမ ဟာ မီးစုန်း တစ်ယောက်ဖြစ်တယ်
သူမ နဲ့ထိမိတဲ့ လျှပ်စစ်ပစ္စည်းတိုင်းက ပျက်လွယ်တယ်
ခဏခဏ ပြင်ရတယ်
ဒါကြောင့်ကြာလာတဲ့အခါသူမ တောထဲမှာပဲ အခြေ ချခဲ့တယ်
သူမ ညာလက်ဟာ ပုံမှန်လူလက်ဖြစ်ပီး
ဘယ်လက်ဟာ သဘာဝလွန်ဓာတ်တွေကို ပိုင်ဆိုင်တယ်
အဲ့ဘယ်လက်တွေဟာ အားကြီးတယ်သန်မာတယ်
သူမ နာကျင်တိုင်း ဒေါသထွက်တိုင်း သူမ တကိုယ်လုံး
မီးလျှံတွေတောက်တယ်
နီရဲရဲ မီးလျှံတွေဟာ သူမ အသားအရည်ဖြူ ဆွတ်ဆွတ်မှာ လိုက်ဖက်လှတယ်
စုန်းမဆိုတဲ့အတိုင်း ခြေတံလက်တံရှည်ရှည်သွယ်သွယ်လေးတွေက
နေရာယူထားတယ်
ဆွဲဆောင်မှုရှိတဲ့မျက်နှာလှလှလေးထက်မှာ မျက်ဝန်းလေးတွေကတော့
အေးစက်ပီးမီးလျှံတွေ ဖုံးနေတတ်တယ်
ခြုံပြောရင် သိပ်ပီးဆွဲဆောင်မှူရှိတယ်ဒါပေမယ့်ကြောက်ဖို့ကောင်းတယ်တနေ့မှာ စိတ်ဒဏ်ရာတွေနဲ့လဲလျောင်းနေတဲ့ ဝံပုလွေပေါက်လေး
တစ်ကောင်ကိုကယ်တင်ခဲ့တယ်
အစပိုင်းမှာကြမ်းတမ်းခက်ထန်တဲ့ဝံပုလွေ လေးဟာ
သူမ မေတ္တာတွေနဲ့တဖြည်းဖြည်းယဉ်ပါးလာတယ်
သူမ ကိုဘယ်တော့မှမခွဲသွားဘူးလို့ ကတိသစ္စာပြုခဲ့တယ်
ဝံပုလွေ လေးအရွယ်ရောက်လာတယ်
စုန်းမလေး flammo ကတော့ အသက်အရွယ်ကြီးရင့်မသွားဘူး
ဝံပုလွေ လေးကိုကောက်ယူမွေးစားခဲ့တဲ့အရွယ် မှာပဲရပ်တံ့ နေခဲ့တယ်
ဝံပုလွေလေးဘယ်သွားသွား သူမကိုချီသွားလို့ရတဲ့အရွယ်အစားအထိ
ဝံပုလွေ လေးကြီးပြင်းလာတယ်
သူမဟာ ဝံပုလွေ လေးရင်ခွင်ထဲမှာ ကလေးလေးတစ်ယောက်သာသာ
ဝံပုလွေလေးဟာသူမက်ု အရာရာပြန်ကာကွယ်ပေးတဲ့
အချစ်တော် guardian လေးဖြစ်လာခဲ့တယ်သူမ သိပ်လှလို့အနယ်နယ်အရပ်ရပ်ကလာတောင်းရမ်းကြတဲ့
နယ်စားမြို့စားတွေကအများအပြား
ပညာလာလာစမ်းပီး သွေးတိုးစမ်းချင်တဲ့ မှော်ဆရာတွေကခပ်များများ
ဒီရန်တွေကို ဝံပူလွေ လေးကအမြဲကာကွယ်ပေးတယ်
ဝံပုလွေလေးဟာလဲ သာမန်ဝံပုလွေတစ်ကောင်မဟူတ် ခေသူမဟူတ်
သစ်စုန်းမှော်ဝင်အတတ် နဲ့သဘာဝတရားကြီးရဲ့ နတ်ဘူရားအနွယ်ဝင်
ဝင်စားသူတစ်ဦး
ဂရိ Pagan god Cernnunos အနွယ်ဝင် ပဲ
(Cernnunos=Horn God
Pagan=သစ်တောများနဲ့ဘဘာဝတရားကြီးကိုကိုးကွယ်သူ)
စိမ်းလန်းတဲ့သစ်တောတွေကိုသူပိုင်တယ်
ဒီသစ်တောတွေဟာ သူ့နယ်မြေပဲ
သစ်ပင်တွေဟာသူ့စကားဆိုနားထောင်တယ်
သူ့အမိန့်နာခံ ကြတယ်
Nature healer ဆိုလဲမမှားဘူးတနေ့တော့မှော်ဝင်သစ်ပင် (tree of life) အောက်မှာ
သူတို့နှစ်ယောက်ဆုတောင်းသစ္စာဆိုခဲ့ကြတယ်
ဘဝဆက်တိုင်းဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ပြန်ဆုံဆည်းဖို့
ဘယ်တော့မှမခွဲရဖို့တောထဲနေလို့ဆံပင်တွေရှည်လာတာကို ဖြတ်ပစ်ဖို့
ဝံပုလွေလေးမစွမ်းသာပါဘူး
စုန်းမလေးဟာသူမ အစွမ်းနဲ့
ဝံပုလွေလေးရဲ့ရှည်လာတဲ့ ပသိုင်းမွှေးတွေ
ဆံပင်တွေကို ပြန်ပြုပြင်ပေးလေ့ရှိတယ်
ဒါပေမယ့်ဝံပုလွေလေးရဲ့ခံ့ ညားတဲ့ရုပ်သွင်ဟာ
ပသိုင်းမွှေး နဲ့ဆံပင်ရှည်တွေကြောင့်ပိုပေါ်လွင်လာခဲ့တယ်
ဝံပုလွေလေးရဲ့ အသက်အရွယ်ဟာလဲ
စုန်းမလေးအရွယ်မှာပဲရပ်တံ့ နေခဲ့တယ်
ဆက်ကြီးပြင်းလာခြင်းမရှိဘူး
သူတို့ရပ်တန့်ထားတာမဟူတ်ပဲ
သဘာဝတရားကြီးကသူတ်ို့ကို အတွဲညီအောင်
သက်သက်ဖန်တီးပေးလိုက်တာပဲအကျင့်စရိုက် အမူအကျင့် တွေ ကွဲ ပြားပေမယ့်
သူတို့နှစ်ယောက်ဟာစွယ်တော်ရွက်လိုပဲ
နှစ်လွှာပေါင်းမှတစ်ရွက်ဖြစ်တယ်နှစ်ပေါင်းထောင်ချီကြာအောင်ပျော်ပျော်ရွှင်ရွှင်နေလာတဲ့
သူတို့နှစ်ယောက် ခွဲခွာရဖို့ကံက အကြောင်းဖန်လာတယ်
စုန်းမလေးရဲ့ ခန္ဓာကိုယ်ဟာ ရွာနီးချုပ်စပ်ကလူတွေကြောင့်
မီးလောင် သေဆူံးသွားခဲ့တယ်
မီးတွေနဲ့မွေးဖွားခဲ့တဲ့ သူမရဲ့ ဇာတာဟာ
မီးလောင်ထဲမှာပဲသေဆူံးရပြန်ပီ
စုန်းမလေးဟာsoul အဖြစ်နဲ့ကျောက်ဂူတခုထဲမှာ နှစ်ပေါင်းများစွာင်ုကြွေးနေခဲ့တယ်
သူမ သိပ်ချစ်တဲ့ဝံပူလွေလေးကိုလိုက်ရှာနေဆဲပဲ
သူမ ရှာမတွေ့ ခဲ့ဘူးခေတ်တွေပြောင်းလာခဲ့ပီ ရာစုနှစ်တွေကုနိလာခဲ့ပီ
သူမရဲ့ဝံပုလွေလေးကိုသူမ ရှာနေဆဲပဲ..
ဝံပုလွေလေးသူမကိုလိုက်ရှာနေမယ်ဆိုတာလဲသူမသိနေခဲ့တယ်..
တရက်..ဂူဝမှာ သူမ သိပ်ရင်းနှီးတဲ့အသံတစ်သံကို ကြားလိုက်ရတယ်
စိတ်လှုပ်ရှားစွာနဲ့ထွက်ကြည့်မိတော့
ဆံပင်ရှည်ရှည် နှာတံချွန်ချွန် စင်ရော်ပျံလိုမျက်ခုံးထူထူ
တကိုယ်လဲူးဖူံးနေတဲ့ဝတ်ရုံအဖြူ , နှူတ်ခမ်းမွှေး ပသိုင်းမွှေးတွေနဲ့
သူမ သိပ်ရင်းနှီးနေတဲ့မျက်နှာတခု
အသက်အရွယ်ကတော့သူမထက် ဆယ့်ငါးနှစ်လောက်
ပိုအသက်ကြီးနေခဲ့ပီ
လက်ထဲကမှော်တောင်ဝှေးထိပ်က မီးခိုးရောင် moon stone
လေးက ထင်းနေတယ်
သူမကို လက်တဖက်ကမ်းပေးတယ်
မြတ်မြတ်နိုးနိုး ပြုံးပီးကြည့်ရင်း"ကျနော်တို့ ဘဝသစ်စဖို့ အချိန်ကျပီ " တဲ့......
# yakki
28.10.2020(Wednesday)