....ဝေလီခေါင်ခေါင် မြူနှင်းဝေနေချိန်မို့ ရှေ့ကို မနည်းဂရုစိုက်ကြည့်ပြီး ကားမောင်းခဲ့သည်....မိုးသောက် ကားစ ဝယ်ချိန်က ဆယ်နှစ်သာသာ ကားကို ဘယ်လို ဝါသနာ ပါမှန်းမသိ မောင်းချင်ခဲ့တာ အရပ် ငါးပေ မပြည့်၍ ဘရိတ်ကို ခြေက မမိ၍ မောင်းမရခဲ့ ခုတော့ ကားကို အချိန်ပြည့် မောင်းနေရပြီ......
...ကျွီ...ကျွီ...ကျွီ ဟာ...ရှေ့ကနေ ကောင်မလေးတစ်ယောက် လက်ဆန့် ကားကို ဖြတ်တားသောကြောင့် အလန့်တကြား ကပြာကယာ ဘရိတ်အုပ်ပြီး ကားတံခါးကို ဖွင့် မာန်မဲဖို့ ဟန်ပြင်ရုံရှိသေး.....
အကို..အကို..ညီမကို လမ်းဆုံထိ ပို့ပေးပါ( အကိုရယ်...နော် ညီမ ချစ်သူ ဆေးရုံရောက်နေလို့ လိုက်ချင်လို့ပါ.... အရမ်းအရင်လိုနေလို့ပါ ညီမ ကို လိုက်ခွင့်ပြုပါ...
လိုက်မယ်ဆိုလည်း တက်ဗျာ ကျွန်တော်ဖြင့် လန့်သွားတာပဲ တိုးရင် ဘယ်လို လုပ်မလည်းဗျ ရှေ့က ဖြတ်တားတော့ အန္တရာယ် ရှိတာပေါ့.....
....ဟုတ်...ညီမကို တင်မခေါ်ကြလို့ ဒီလိုလုပ်မိတာပါ အကိုရယ်....ဆိုပြီး ကားတံခါးဖွင့် ဝင်ထိုင်လိုက်တယ် နောက်ခန်းကို မသွားဘဲ.....
မိုးသောက် ဘေး ဝင်ထိုင်ပြီး စကား တပြောပြောဖြင့် မောင်းလာခဲ့သည်............နှင်းတွေကလည်း တအားကျနေလို့ မှောင်မိုက်နေသောကြောင့် ရှေ့ကို သတိထား မောင်းလာရသည်....
မိုးသောက် စိတ်ထဲက ဒီ မိန်းကလေးမှာ ချစ်သူနဲ့ကိုး......ကားကို မိုင်နှုန်းလျော့ပြီး မောင်းလိုက်သည်...
ဘေးက ကောင်မလေးက မျက်လုံးဝိုင်းဝိုင်း နှာတံသွယ်သွယ်လေးမှာ အသားလေးက ဖြူ....တော်တော် ကြည့်လို့လှသည်...နတ်သမီးလို့တောင် ထင်မှားရအောင် လှနေသည်.....မိုးသောက်...ကို တချက် တချက် လှည့်ပြုံးပြရင်.... ဘယ်လိုမှန်းမသိတဲ့ ခံစားချက် ထွက်ပေါ်လာသည်.....
အကို...ရပ်တော့ ညီမ ဒီနားမှာ ဆင်းမယ်. .
ဟင်...လမ်းဆုံ မရောက်သေးဘူးလေ ညီမ ...
ဟုတ်ကဲ့ရှင်....ညီမနေရာကို ရောက်နေပြီ....
မိုးသောက် နဝေတိန်တောင် ဖြစ်သွားရသည်...သူပြောတဲ့ အတိုင်း ရပ်ပေးဆိုတော့လည်း ရပ်ပေးလိုက်သည်.....