...မိုးသောက်လေးလံ ထိုင်းမှိုင်းလာပြီး.. ကိုယ်တွေ လက်တွေ နာလာခဲ့သည်...
အား....ကျွတ်.. ကျွတ်..ကျွတ် ငြီးတွားချင်ပေမယ့်မျက်နှာတခုလုံးပတ်တီးတွေနဲ့ပါးစပ်ဟ မရပေ.. ..မျက်လုံးကို အားယူဖွင့်ကြည့်သည်.....
..ဘေးစားပွဲပေါ်မှာ ဆေးပုလင်း အချို့နဲ့ ဆေးကဒ်များရှိနေသည်..သူ့ခြေလက် များလှုပ်မရ၍ မျက်လုံးထောင့်ကပ်ကြည့်လို့ မြင်လိုက်ရသည် အပေါ် မျက်နှာကျက်က လည်းသူ့အတွက် စိမ်းကားနေသည် မမြင်ဖူးသော နေရာသူ ရောက်ရှိနေလေပြီ......
ငါ ဘယ်ရောက်နေတာလည်း တွေးနေစဥ်မှာ.
ဟော...သတိရလာပြီ..သတိရလာပြီ..လို့ မိန်းကလေးတစ်ယောက်ရဲ့ အသံ ကြားမိလို့ ..
အားယူပြီး သူကြည့်လိုက်စဥ်မှာပဲ..............
ကားကြုံ ခဏ ခဏ လိုက်စီးလေ့ရှိသော မိန်းကလေးဖြစ်နေသည်...သူ့လက်တွေ ခြေတွေ လှုပ်မရ ပေမယ့် သူ ဆေးရုံ ရောက်နေပြီဆိုတာ ချက်ချင်းနားလည်လာသည်......
သူ့တကိုယ်လုံးလည်း ခေါင်းမှ အစ ခြေအဆုံး ပတ်တီး ဝတ်နဲ့မို့ မိန်းကလေးသည် သူ့ကို မမှတ်မိနိုင်ပါ...
ဒါပေမယ့်..သူ့အနားမှာ ဒီ မိန်းကလေး နေတိုင်း စောင့်ရှောက်နေသည်ကို ခုထိ သူနားမလည်သေးပါ နေ့ရှိသ၍ သူ့အနားက တဖဝါးမှ မခွာခဲ့ပေ......
သူ့ကို ဘာအတွက် ဒီလို စောင့်ရှောက်နေသလဲ...မေးချင်နေပေမယ့် စကားပြောနိုင်ဖို့ သူအတော် အားယူနေရသည်မို့.. စကားမပြောဖြစ်ခဲ့ပါ.....
ဒီနေ့က...မိုးသောက် အတော် သက်သာလာခဲ့ပြီ အရင်နေ့တွေက နာကျင်လွန်းလို့ သတိ ခဏ ခဏ မေ့မျောခဲ့သည်...ခုတော့ သူ့ဘေးမှာ တချိန်လုံး အလုပ်များနေသော မိန်းကလေးကို အကဲခတ်နေမိသည်.....
ဆေးရုံ အထူးခန်းထဲမှာမလို့ နှစ်ယောက်ထဲ ရှိနေခဲ့သည် သူလေးကို လှန်းကြည့်လိုက်သည်....ကျွန်တော် အကျီင်္ တချို့ကို ခေါက်နေရင်းမှ ကျွန်တော် အကြည့်ကို သူမြင်သွားလေရဲ့ ထင်တယ်...အတင်း ကျွန်တော်ဆီ ပြေးလာပြီး....အကို..အကို သတိရလာပြီလားဟင်.....အကို နာနေသလား သက်သာရဲ့လားဟင်....