အပိုင်း(၃)

18.6K 1.9K 28
                                    

[Unicode+Zawgyi]

ဟံသာတစ်ယောက် ပြောင်းရွှေ့ခွင့်စာရွက်ကိုကိုင်ကာ ထိုင်မရ၊ ထမရဖြစ်နေသည်။ နောက်တစ်ပတ်ဆိုရင် ပြောင်းရတော့မည်။ ကိုယ့်သဘောကျ ပြောင်းရွှေ့ခွင့်တင်ခဲ့ပြီး ကျလာတော့မှ အသိပေးတယ်ဆိုရင် ဟံသာ့အဖေ စိတ်အလွန်ဆိုးတော့မည်။ ထိုအချိန်မှာ အရင်ဆုံးသတိရမိတာက...

"ဦးလေးနိုင်"

ဖုန်းကိုကောက်ကိုင်လိုက်ပြီး ဦးလေးနိုင်ဆိုသူထံဖုန်းခေါ်သည်။

"ဦးလေးနိုင် ကျွန်တော်ပြောင်းရွေ့ခွင့်ကျလာပြီ"

("ဟေ ဟုတ်လား...ကောင်းတယ်ကွာ၊ ဘယ်တော့ပြောင်းရမလဲ")

"နောက်တစ်ပတ်ပါ"

("အစ်မနဲ့ ယောက်ဖကိုရော ပြောပြီးပြီလား")

"မပြောရသေးဘူး...ကျွန်တော် ကျွန်တော်..."

("ဟံသာ .... ဦးလေးနိုင်ပြောမယ်၊ မင်းသတ္တိမွေးစမ်းကွာ၊ ယောက်ဖထိုးမယ်ဆိုလည်း ခံလိုက်...ငါ့တူက ပြောင်းရွေ့ခွင့်တင်ကတည်းက ဒီကိစ္စတွေကို ကြိုတွေးပြီးသားမလား၊ တွန့်ဆုတ်မနေပါနဲ့...အစ်မကိုတော့ ငါနှစ်သိမ့်ပေးမယ်၊ ယောက်ဖကိုသာ သေချာပြောပြ ကြားလား")

"ဟုတ်"

ဦးလေးနိုင်ကမြှောက်ပင့်ပေးနေပုံရသည်။ ဦးလေးနိုင်ဆိုတာ ဟံသာ့အမေရဲ့တစ်ဦးတည်းသောမောင်။ ဟံသာ့အဖေလို စီးပွားရေးဆန်တဲ့ တစ်ကိုယ်ကောင်းသမားကို သဘောမကျ။ အစ်မကိုပေးထားရလို့သာ ပြောဆိုပတ်သက်နေရတဲ့အခြေအနေမျိုး။

ဟံသာစိတ်ကိုတင်းပြီး အောက်ထပ်ဆင်းလာသည်။ ဟံသာ့အဖေက Laptop တစ်လုံးနဲ့ အလုပ်လုပ်နေသည်။ ဟံသာ့အမေက ကိုရီးယားဇာတ်လမ်းတွဲကြည့်နေသည်။

ဟံသာသက်ပြင်းမျှင်းလေးချပြီး ဧည့်ခန်းထဲသို့ ဝင်သွား၏။

"သား...လာလေ ထိုင်"

ဟံသာ့အမေက ဟံသာ့ကို ဝမ်းသာစွာခေါ်နေသော်လည်း ဟံသာ့အဖေကတော့ တစ်ချက်မျှသာကြည့်ပြီး အလုပ်သာပြန်လုပ်နေသည်။

"ကျွန်တော်ပြောစရာရှိလို့ပါ"

ဟံသာ့အဖေက အလုပ်လုပ်နေဆဲ။ မော့မကြည့်။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now