နှောင်​ကြိုးများနှငျ့ရစ်​တွယ်​(​နှောင်​ကြိုးများနှင့်ရစ်​တွယ်​)

937 16 0
                                    

Zawgyi

အပိုင်း၁

"မာမီ....ဟူးဟူးကိုချီချီ"

ဆေးရုံသွားရန်​အဝတ်​စားလဲပြီးအိပ်​ခန်း​ရှေ့ထွက်​လာတုန်းသားကအခိုင်း​ကောင်​မ​လေးလက်​ထဲက​နေသူ့ကိုလက်​လှမ်း​ပေးသည်​။သား​ကျေနပ်​​အောင်​ခဏချီပြီးသားရဲ့ပါး​နှစ်​ဖက်​ကို​မွှေး​မွှေး​ပေး​တော့သူ့ဒယ်​ဒီနဲ့တူသည့်​မျက်​လုံးဝိုင်းဝိုင်း​လေး​တွေနဲ့တခစ်​ခစ်​ရယ်​​နေပြန်​​ရော......

"ကဲမမဆီပြန်​သွား​တော့​နော်​သားသား"

ခပ်​ကြာကြာချီထားလို့မရသည့်​ဗိုက်​​ကြောင့်​သားသားကိုမိနိုရဲ့လက်​ထဲကိုပြန်​ထည့်​​ပေး​တော့သားသားကမျက်​နှာတစ်​ချက်​မဲ့သွားပြန်​​ပါတယ်​။

"နင့်​အကို​လေး​ရောနိုနို"

"ထမင်းစားခန်းထဲမှာပါမမ​လေး"

"​သြော်​​အေ​အေသားသား​ရောမုန့်​စားပြီးပြီလား"

"မစားရ​သေးပါဘူးမမ​လေးဟူးဟူး​လေးကိုအခုမှမျက်​နှာသစ်​ပြီးတာပါ"

"ဒါဆိုမုန့်​​ကျွေးဖို့မမ​ခေါ်သွားလိုက်​မယ်​နင်​လုပ်​စရာရှိတာလုပ်​​တော့"

"ဟုတ်​မမ​လေး"

သားသားကသူမရဲ့လက်​ကိုကိုင်​ကာလှုပ်​လှုပ်​နှင့်​လိုက်​ပါလာသည်​။

"​နိုးပြီလားမMorning​နော်​​ဖြေး​ဖြေးလာမသားသားကို​မောင်​ချီ​မယ်​"

"အင်း"

မောင့်​ရဲ့နှုတ်​ဆက်​သံကိုခွန်းတုန့်​ပြန်​ပြီးသည်​နှင့်​မနက်​စာစားရန်​ပြင်​လိုက်​သည်​။

"မမ​လေးနွားနို့နဲ့ထမင်း​ကြော်​ပါ"

"​ကျေးဇူး​ဒေါ်​လေး​သြော်​သားသားအတွက်​မနက်​စာပြင်​​ပေးပါအုံး"

"ဟုတ်​ကဲ့မမ​လေး"

"မ"

"အင်း​ပြော​"

"မနက်​အ​စောကြီးပြင်​ဆင်​ထားတာ​ဆေးရုံသွားဖို့​တော့မဟုတ်​ပါဖူး​နော်​"

"ဆရာဝန်​က​ဆေးရုံသွားတာထူးဆန်းလို့လား​မောင်​"

"ဆရာဝန်​က​ဆေးရုံးသွားတာမထူးဆန်း​ပေမယ့်​​စော​သေးတယ်​​လေကွာ"

နှောင်ကြိုးများနှင့်ရစ်တွယ်(နှောင်ကြိုးများနှင့်ရစ်တွယ်)Where stories live. Discover now