Part 13

2.6K 270 34
                                    

အလွမ်းဆိုတာ ချစ်သူမဖြစ်ခင်ကတစ်မျိုး ၊ ချစ်သူဖြစ်ပြီးတစ်မျိုး လွမ်းရပုံခြင်းက ကိုကို့အတွက်မတူပါ ။ ချစ်သူမဖြစ်ခင်ကတော့ ဘာမှမဆိုင်လို့ ဒီတိုင်းလွမ်းရုံသာ တတ်နိုင်ခဲ့တယ် ။ အခုတော့ Screen ပေါ်က မြင်ရတဲ့ ခပ်တည်တည်မျက်နှာကို မြင်နေရရင်း  လွမ်းနေခြင်းမှာ ပို၍ အလွမ်းထုတည်ကြီးမားနေခဲ့သည် ။

နှစ်ရက်ရှိပြီ ။ လူမရှိတဲ့ ရုံးခန်းအလွတ်ကြီးရဲ့ တံခါးဖြူဖြူကို ငေးကြည့်ရင်း ဦးရာအား လွမ်းနေရသည် ။ ပိုအထီးကျန်ဆန်လာသလို ခံစားရတယ် ။ လူကရောင့်တတ်လာလိုက်တာ ၊ ဦးရာအနား ခဏနေရချိန်တွေကိုသာ နေသာကျသွားတယ် ။ ဦးရာနှင့် မခွဲနိုင်မှန်း သိသာလာတယ် ။

"ထမင်းသွားစားရအောင် ဆက်ပိုင်"

"ဟုတ်ကဲ့ စီနီယာ"

နေ့လယ်စာစားချိန်တောင် ရောက်ပြီ ။ ဒီအချိန်ဆို တရုတ်မှာ နှစ်နာရီခွဲလောက်ရှိမည် ။ ဦးရာ အလုပ်တွေရှုပ်နေလို့ မနက်ကတည်းက အသံမကြားရသေး ။ ဖုန်းဆက်လည်း ကိုဇထက်သာ ကိုင်တယ် ။

လူကသာ စီနီယာနှင့် လမ်းလျှောက်ပြီး ကန်တင်းသွားနေပေမယ့် စိတ်အစဉ်အားလုံးကို ဦးရာက စိုးမိုးထားတယ် ။ စီနီယာဆိုသည်မှာလည်း နားတဲ့အချိန်ရောက်လျှင် သူ့ချစ်သူနှင့် ဖုန်းပြောရတာ အမော ။ စီနီယာက အလုပ်များပြီး ပိုအလုပ်ရှုပ်သည် ။ ကိုကိုကတော့ လုပ်ငန်းထဲ ပိုထဲထဲဝင်ဝင်သိအောင် ကြိုးစားတုန်းမို့ အတွင်းကျကျ မလုပ်ခိုင်းကြသေး ။ ဒါတောင် လုပ်ရမည့် အလုပ်များက ပုံနေသည် ။ ဒါကလည်း ဦးရာ Company မို့ လူက တက်ကြွစွာ လုပ်နေမိတယ် ။

"ပျင်းနေပြီလား ၊ အစ်ကို ဖုန်းပြောနေလို့"

"မပျင်းပါဘူး ၊ စီနီယာက အားတဲ့အချိန်လေးပြောရတာ ၊ ကျွန်တော့်အားမနာနဲ့ ပြောသာပြော"

စားပွဲပေါ် မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး စားဖို့လုပ်မှ စီနီယာက ဖုန်းချကာ စကားပြောလာခဲ့သည် ။ ကန်တင်းမှာတော့ လူအများအပြားပင် ။ ဟင်းကတော့  ဘဲဥတစ်လုံး ၊ ငါးခြောက်နှင့် ဟင်းရည်တစ်ခွက် တစ်ခါစားဖို့ လုံလောက်သည် ။

လွတ်မြောက်ခြင်း/လွတ်မြောက်ခြင်း ( Completed )Where stories live. Discover now