That One Person You

728 56 8
                                    

ရထားပေါ်က ပျော့အိအိခုံလေးမှာ မှီချလိုက်တာနဲ့ တစ်နေ့လုံး ပင်ပန်းထားသမျှတွေဟာ ခန္ဓာကိုယ်ပေါ်အလုံးအရင်း ကျလာတယ်။

၅ ရက်လုံး အလုပ်ကို အသေအလဲလုပ်ပြီး သောကြာနေ့ကိုရောက်လာပြန်ပြီ။

သူများတွေအတွက်တော့ ပျော်စရာ ​သောကြာ​နေ့ည ပေါ့။

ကျွန်တော့်လို တစ်ကောင်ကြွက်အတွက်တော့ ရုံးပိတ်ရက် နှစ်ရက်ဟာ အထီးကျန်စရာ ၂၈၈၀မိနစ်ပဲ။

လိ​​​​​မ္မော်​ရောင်လွှမ်း​နေတဲ့ ​ကောင်းကင်ယံကို​မော့ကြည့်ရင်း မျက်ဝန်းတို့ထက် ဖြာကျလာတဲ့ ​ရောင်ခြည်တန်း​ကြောင့် လက်နဲ့ ကာရင်း အကြည့်လွှဲလိုက်ရတယ်။

ဖုန်းထုတ်ပြီး internet ဖွင့်လိုက်တော့ message တွေရော missed call တွေရော ဝင်လာတာမနည်း။

ပြောရင်းဆိုရင်း ဖုန်းဝင်လာပြန်ပြီ။

" ပြော Sae-ron "

" Huang Renjun နင်ဘာလို့ ငါ့ဖုန်းကိုမကိုင်တာလဲ "

" ငါဒီနေ့ အချိန်ပို ဆင်းနေရလို့ပါ "

"... "

" ဟယ်လို Sae-ron ..နင်ပြောစရာ မရှိဘူးလား "

" ငါလေ .. "

ထူးဆန်း​ထွေလာတစ်ခုကို ​ပြောဖို့ပြင်​နေတဲ့ နှုတ်ခမ်းတို့ဟာ ​ပြောဆိုဖို့ရန်အတွက် တုံ့ဆိုင်း​နေဟန်တူတယ်။

" ငါ​လေ .. ငါ့ကောင်လေးနဲ့ ပြတ်သွားပြီ "

အ​ကြောင်းအရာ တစ်ခုခုကို နား​ထောင်ဖို့ရာ အသင့်ဖြစ်​နေတဲ့ ကျွန်​တော် .. ရယ်ရမလို ၊ စိတ်တိုရမလို။

" ဪ .. အဲ့ဒါဆန်းလို့လား "

" ဟဲ့ ..ဒီတစ်ခါတကယ် ပြတ်တာဟ "

" ဟား ဟား။ ခွေးသွားပြောတောင် ယုံမှာမဟုတ်ဘူး Kim Sae-ron ရေ။ ငါတော့ ဖုန်းချပြီ "

ကျွန်​တော့်သူငယ်ချင်း​ကောင်မ​လေး အတွဲဆိုတာ အတော်လေးရီရတာမျိုးဗျ။

စကားများလိုက် ၊ ရန်ဖြစ်လိုက် ၊ လမ်းခွဲလိုက် ၊ ပြန်အဆင်ပြေလိုက်။

အဲ့အထဲမှာ ကျွန်တော်လည်းပါရင် သိပ်ကောင်းမှာပဲ။

လူတွေက ကျွန်တော့်ကိုပြောကြတယ်။

That One Person YouWhere stories live. Discover now