ရထားပေါ်က ပျော့အိအိခုံလေးမှာ မှီချလိုက်တာနဲ့ တစ်နေ့လုံး ပင်ပန်းထားသမျှတွေဟာ ခန္ဓာကိုယ်ပေါ်အလုံးအရင်း ကျလာတယ်။
၅ ရက်လုံး အလုပ်ကို အသေအလဲလုပ်ပြီး သောကြာနေ့ကိုရောက်လာပြန်ပြီ။
သူများတွေအတွက်တော့ ပျော်စရာ သောကြာနေ့ည ပေါ့။
ကျွန်တော့်လို တစ်ကောင်ကြွက်အတွက်တော့ ရုံးပိတ်ရက် နှစ်ရက်ဟာ အထီးကျန်စရာ ၂၈၈၀မိနစ်ပဲ။
လိမ္မော်ရောင်လွှမ်းနေတဲ့ ကောင်းကင်ယံကိုမော့ကြည့်ရင်း မျက်ဝန်းတို့ထက် ဖြာကျလာတဲ့ ရောင်ခြည်တန်းကြောင့် လက်နဲ့ ကာရင်း အကြည့်လွှဲလိုက်ရတယ်။
ဖုန်းထုတ်ပြီး internet ဖွင့်လိုက်တော့ message တွေရော missed call တွေရော ဝင်လာတာမနည်း။
ပြောရင်းဆိုရင်း ဖုန်းဝင်လာပြန်ပြီ။
" ပြော Sae-ron "
" Huang Renjun နင်ဘာလို့ ငါ့ဖုန်းကိုမကိုင်တာလဲ "
" ငါဒီနေ့ အချိန်ပို ဆင်းနေရလို့ပါ "
"... "
" ဟယ်လို Sae-ron ..နင်ပြောစရာ မရှိဘူးလား "
" ငါလေ .. "
ထူးဆန်းထွေလာတစ်ခုကို ပြောဖို့ပြင်နေတဲ့ နှုတ်ခမ်းတို့ဟာ ပြောဆိုဖို့ရန်အတွက် တုံ့ဆိုင်းနေဟန်တူတယ်။
" ငါလေ .. ငါ့ကောင်လေးနဲ့ ပြတ်သွားပြီ "
အကြောင်းအရာ တစ်ခုခုကို နားထောင်ဖို့ရာ အသင့်ဖြစ်နေတဲ့ ကျွန်တော် .. ရယ်ရမလို ၊ စိတ်တိုရမလို။
" ဪ .. အဲ့ဒါဆန်းလို့လား "
" ဟဲ့ ..ဒီတစ်ခါတကယ် ပြတ်တာဟ "
" ဟား ဟား။ ခွေးသွားပြောတောင် ယုံမှာမဟုတ်ဘူး Kim Sae-ron ရေ။ ငါတော့ ဖုန်းချပြီ "
ကျွန်တော့်သူငယ်ချင်းကောင်မလေး အတွဲဆိုတာ အတော်လေးရီရတာမျိုးဗျ။
စကားများလိုက် ၊ ရန်ဖြစ်လိုက် ၊ လမ်းခွဲလိုက် ၊ ပြန်အဆင်ပြေလိုက်။
အဲ့အထဲမှာ ကျွန်တော်လည်းပါရင် သိပ်ကောင်းမှာပဲ။
လူတွေက ကျွန်တော့်ကိုပြောကြတယ်။