EPISODE - 2

4.9K 425 236
                                    

UNICODE

"ယောင်း"

ထုံးစံအတိုင်း ခေါ်သံတစ်ခုနဲ့အတူ
အနားသို့ရောက်လာသော ဟိုတစ်နေ့က
ကျောင်းသားသစ် ဂျီမင်ဟျောင်း။

ကူညီပေးခဲ့တာက အစပြုလို့
ကျောင်းထဲမှာ ရှိနေတဲ့တစ်ချိန်လုံး
တစ်ဖဝါးမှမခွါပဲ လိုက်ကပ်နေတတ်တာ။

သူနေရမဲ့ အတန်းထဲမရှိပဲ
ကျွန်တော်နေရမဲ့အတန်းထဲ ရှိနေလိုမျိုးပေါ့။

"Hyung စာတွေသွားလုပ်လေဗျာ
ဘာလို့ ကျွန်တော်တို့အတန်းထဲမှာ
အလုပ်မရှိအကိုင်မရှိ လာနေနေရတာလဲ"

"စာလုပ်ရတာက
မင်းကိုကြည့်ရသလိုမျိုး
ရင်ခုန်စရာမကောင်းဘူး"

Hyung ကသူ့ကို ဒီလိုမျိုး
မထိတထိအပြောတွေနဲ့လည်း
စကားရှေ့ဆက်လို့မရအောင်
ချောင်ပိတ်တတ်သေးတာ။

"အဲ့..အဲ့တာကြောင့် ခင်ဗျားအခုထိ
Third Year ကနေမတတ်သေးတာ"

"ကိုယ်ကမတတ်ချင်သေးလို့ဆိုရင်ရော"

မေးထောက်ကာ
သူ့ကိုစိုက်ကြည့်ရင်းပြောလာတာကြောင့်
ထယ်ယောင်း အကြည့်လွှဲလိုက်ရင်း
စာကိုသာ ဆက်လုပ်နေမိသည်။

"မင်းကတော်တော်လှတာပဲ"

"..."

"ဘာလဲ ရှက်နေတာလား"

"ကျေးဇူးပြုပြီး ကိုယ့်အတန်းကိုယ်
ပြန်ပြီး စာသွားလုပ်နေလိုက်ပါဗျာ.."

"ပြောတယ်လေ စာကမင်းလောက်
စိတ်ဝင်စားစရာမကောင်းဘူးလို့"

စားပွဲပေါ်က လက်သွယ်သွယ်လေးကို
ဖမ်းဆွဲကာပြောတော့ အတင်းရုန်းသည်။

"အရူး..ခင်ဗျားရူးနေတာ"

သူသဘောတကျနဲ့ ရယ်မိသည်။

ဒီကောင်လေးဟာ
သိပ်လှသလို သိပ်လည်းစွာတယ်။

"ဟိုကျောင်းသား စာသင်နေတာကို
မကြည့်ပဲနဲ့ ဘာလုပ်နေတာလဲ!"

You've reached the end of published parts.

⏰ Last updated: Jan 11 ⏰

Add this story to your Library to get notified about new parts!

𝐎𝐛𝐬𝐞𝐬𝐬𝐢𝐨𝐧Where stories live. Discover now