စတင်တွေ့ဆုံခြင်း (စတင္ေတြ႕ဆုံျခင္း )

1K 59 0
                                    


ဆောင်းရာသီရဲ့ နှင်းတွေ အများကြီးကျတဲ့ တစ်ရက်မှာ အမှတ်မထင်ပဲ တွေ့ဆုံခဲ့ကြသည့် ကောင်လေးနှစ်ယောက်။ လူသွားလူလာများတဲ့ လမ်းလေး။ အများအားဖြင့် မိသားစုတွေ စုံတွဲတွေ အတွက်တော့ ရိုမန်တစ်ဆန်တဲ့ နေရာလေးပေါ့။ ဒီလိုနေရာလေးမှာ သူနဲ့ ကျွန်တော် စတွေ့ခဲ့ကြတယ်။

ဘေးဘီဝဲယာ ငေးကြည့်ရင်း ကောင်လေး တစ်ယောက်ဟာ အဖော်မပါ တစ်ကိုယ်တည်း ထိုင်ခုံလေးမှာ ထိုင်ရင်း ဓာတ်ပုံရိုက်လိုက် ပြန်ကြည့်လိုက် အလုပ်ရှုပ်နေသည်ကို သူမြင်ခဲ့သည်။ ရယ်လိုက်တိုင်း ပေါ်လာတဲ့ သွားစွယ်လေးနဲ့ လူကောင်သေးသေး အသားဖြူဖြူ ကောင်လေးဟာ vampire လေးလိုပင်။

ဒီကောင်လေးဆီ အကြည့်ရောက်ပြီး စာတွေဖွဲ့နွဲ့မိခဲ့သော မိမိအဖြစ်ကို တွေးမိတော့ အံ့သြမိသည်။ ဘဝမှာ ပထမဆုံးအကြိမ် သူစိမ်းတစ်ယောက်ကို သေချာကြည့်ပြီး တွေးမိခြင်းပင် ဖြစ်သည်။ အတွေးတွေကို ဖယ်ထုတ်ပြီး လမ်းလေးကို ဆက်လျှောက်ခဲ့လိုက်သည်။

ခပ်လှမ်းလှမ်းရောက်တော့ ထပ်ပြီး ကြည့်ချင်စိတ် ဖြစ်လာလို့ နောက်လှည့်ပြီး အနှီကောင်လေးကို ငေးကြည့်မိသည်။ သူ့လိုပင် သူ့ကို ကြည့်နေခဲ့တဲ့ ကောင်လေးရဲ့ မျက်ဝန်းတစ်စုံ။ စက္ကန့်ပိုင်းလောက် ထပ်တူကျခဲ့တဲ့ မျက်ဝန်းနှစ်စုံရဲ့ အကြည့်တွေ။

ထိုအကြည့်နဲ့တင် သူ့ရဲ့ အထီးကျန်တာတွေ၊ ပင်ပန်းခက်ခဲနေတာတွေ ပြေလျော့သွားသလို ခံစားလိုက်ရသည်။ ခံစားချက်နဲ့အတူ နှုတ်ခမ်းပေါ်မှာလည်း အပြုံးတွေက ဆင်မြန်းပြီးနှင့်သား။ ငေးကြည့်နေရင်းနှင့်ပင် တစ်ဖက်က ကောင်လေးကတော့ လွယ်အိတ်လေး ပြန်လွယ်ပြီး နားကြပ်လေးတပ်လို့ သူ့ကို ကျောခိုင်းကာ လျှောက်သွားခဲ့ပြီ။


Zawgyi


ေဆာင္းရာသီရဲ႕ ႏွင္းေတြ အမ်ားႀကီးက်တဲ့ တစ္ရက္မွာ အမွတ္မထင္ပဲ ေတြ႕ဆုံခဲ့ၾကသည့္ ေကာင္ေလးႏွစ္ေယာက္။ လူသြားလူလာမ်ားတဲ့ လမ္းေလး။ အမ်ားအားျဖင့္ မိသားစုေတြ စုံတြဲေတြ အတြက္ေတာ့ ႐ိုမန္တစ္ဆန္တဲ့ ေနရာေလးေပါ့။ ဒီလိုေနရာေလးမွာ သူနဲ႔ ကြၽန္ေတာ္ စေတြ႕ခဲ့ၾကတယ္။

ေဘးဘီဝဲယာ ေငးၾကည့္ရင္း ေကာင္ေလး တစ္ေယာက္ဟာ အေဖာ္မပါ တစ္ကိုယ္တည္း ထိုင္ခုံေလးမွာ ထိုင္ရင္း ဓာတ္ပုံ႐ိုက္လိုက္ ျပန္ၾကည့္လိုက္ အလုပ္ရႈပ္ေနသည္ကို သူျမင္ခဲ့သည္။ ရယ္လိုက္တိုင္း ေပၚလာတဲ့ သြားစြယ္ေလးနဲ႔ လူေကာင္ေသးေသး အသားျဖဴျဖဴ ေကာင္ေလးဟာ vampire ေလးလိုပင္။

ဒီေကာင္ေလးဆီ အၾကည့္ေရာက္ၿပီး စာေတြဖြဲ႕ႏြဲ႕မိခဲ့ေသာ မိမိအျဖစ္ကို ေတြးမိေတာ့ အံ့ၾသမိသည္။ ဘဝမွာ ပထမဆုံးအႀကိမ္ သူစိမ္းတစ္ေယာက္ကို ေသခ်ာၾကည့္ၿပီး ေတြးမိျခင္းပင္ ျဖစ္သည္။ အေတြးေတြကို ဖယ္ထုတ္ၿပီး လမ္းေလးကို ဆက္ေလွ်ာက္ခဲ့လိုက္သည္။

ခပ္လွမ္းလွမ္းေရာက္ေတာ့ ထပ္ၿပီး ၾကည့္ခ်င္စိတ္ ျဖစ္လာလို႔ ေနာက္လွည့္ၿပီး အႏွီေကာင္ေလးကို ေငးၾကည့္မိသည္။ သူ႔လိုပင္ သူ႔ကို ၾကည့္ေနခဲ့တဲ့ ေကာင္ေလးရဲ႕ မ်က္ဝန္းတစ္စုံ။ စကၠန႔္ပိုင္းေလာက္ ထပ္တူက်ခဲ့တဲ့ မ်က္ဝန္းႏွစ္စုံရဲ႕ အၾကည့္ေတြ။

ထိုအၾကည့္နဲ႔တင္ သူ႔ရဲ႕ အထီးက်န္တာေတြ၊ ပင္ပန္းခက္ခဲေနတာေတြ ေျပေလ်ာ့သြားသလို ခံစားလိုက္ရသည္။ ခံစားခ်က္နဲ႔အတူ ႏႈတ္ခမ္းေပၚမွာလည္း အၿပဳံးေတြက ဆင္ျမန္းၿပီးႏွင့္သား။ ေငးၾကည့္ေနရင္းႏွင့္ပင္ တစ္ဖက္က ေကာင္ေလးကေတာ့ လြယ္အိတ္ေလး ျပန္လြယ္ၿပီး နားၾကပ္ေလးတပ္လို႔ သူ႔ကို ေက်ာခိုင္းကာ ေလွ်ာက္သြားခဲ့ၿပီ။

Always For You [JaemRen]Where stories live. Discover now