Part~24

12.4K 1.4K 88
                                    


ဒီရက်က စပါးရိတ်သောကြောင့် မောင်နှင့် အလင်းခတို့လည်း လယ်ထဲလိုက်လာခဲ့သည်။ လုပ်အားပေးလာခဲ့ကြသည့် ဥိီးထဲဖဲတို့မိသားစုလည်း အလင်းခကို ကလေးတစ်ယောက်လိုသာမြင်သည်။ LGBTကို နားမလည်သော်လည်း မောင်တို့၏ အိမ်ထောင်ရေးကိုမဝေဖန်ကြ။

အိမ်နီးချင်းများကလည်း အလင်းခ၏ ချစ်စရာကောင်းမှု၊ ကလေးဆန်မှုကြောင့် သူ့အား မိန်းမယူသည်ထက် ယောက်ျားလေးရသည်ကိုကောင်းသည်ဟု ပြောဆိုကြသေးသည်။ အစ,သန်ကြသောအိမ်ဘေးကဦးလေးလည်း အမိုး(ဒေါ်အယ်မြာ)ကိုတွေ့လျှင် သမက်လေးနေကောင်းရဲ့လားဟု သူ့စရိုက်ပီပီ ရိုးရိုးသားသားစ,နေကျပေ။

ထိုအချိန်မျိုးများဆိုလျှင် အမိုးကခပ်ရေးရေးပြုံးကာ "ကလေးက နေကောင်းလွန်းလို့ ငါ့သားရင်ခွင်ထဲကမထွက်ဘူး"ဆိုပြီး၍ ထိုသို့ ပြန်စ,တတ်၏။ တိုင်းရင်းသားများအချင်းအချင်း အပြန်အလှန်စ,နောက်ကြ၍ ဘယ်အရာမှစိတ်ထဲမှတ်မထားတတ်ပေ။

ရန်ဖြစ်ကြလျှင်လည်း နှစ်ဦးသားပြန်တောင်းပန်၍ ပြေပြေလည်လည်ပြန်ဖြစ်သွားသည်။ တိုင်းရင်းသားများက ရိုးသား၍ ခွင့်လွတ်နိုင်သောစရိုက်က ချစ်စရာကောင်းလွန်းသော အမှုအကျင့်တစ်ခုပင်။

ယခုလည်း ဦးထဲဖဲစကားကို ပြုံးပြုံးလေးသာနားထောင်၍ အလင်းခရှိသော လယ်ကစဥ်းဘက်သို့ဝေ့ကြည့်လေသည်။ အလင်းခက လယ်ကစဥ်းရိုးပေါ်၌ ထိုင်နေလျက် လက်နှစ်ဖက်ထောက်ပြီး မောင့်ကိိုကြည့်၍ စပ်စုစိန်လုပ်ပြန်သည်။ အမိုးကလည်း သူ့ကိုဆိုလျှင် ချစ်ပြီးလျှင်ချစ်နေတော့၏။

"မြာရေ မြာရဲ့သားက မြာ့သမက်ကို အတော်ချစ်ရှာတာပဲ ..."

"ချစ်သလားမပြောပါနဲ့အေ။ ကလေးကလည်း ဖယောင်းရုပ်လိုနုဖပ်နေတာဆိုတော့ တစ်ခုခုထိရှသွားရင် သားကအပူတတ်ဆုံး။ အခုလည်းကြည့်ပါလား စိတ်မရှည်တတ်ဆုံး ကျွန်မသားက သူ့အချစ်တုံးလေးနဲ့ကျတော့ စိတ်ရှည်တတ်ဆုံးလူသားဖြစ်နေပြီ"

"အင်း...အချစ်ဆိုတာလည်း တကယ်ဆန်းကြယ်သား။ ယောက်ျားနှစ်ယောက်ချစ်ကြိုက်ပြီးလက်ထပ်ယူတာ TVထဲမှာပဲကြည့်ဖူးတာ..."

မောင်တို့ဌာနီ(သို့) မောင့်ရဲ့အလင်း(ေမာင္တို႔ဌာနီ)  [Complete] Where stories live. Discover now