မိနစ်အနည်းငယ်အကြာမှာတော့ Lu Lijun သည်တစ်စုံတစ်ခုကမူမမှန်မှန်းခံစားခဲ့ရသည်။သူမသည်ရုန်းကန်ခြင်းများ မပြုလုပ်တော့ပဲ ရန်တန့်နေခြင်းကို သူ သတိပြုမိသွားပြီး သူ့ပါးတွင် ပူနွေး၍ စိုစွတ်နေသည့် တစ်စုံတစ်ခုကို ခံစားမိသည်။ ကြည့်ရှူရန်အတွက် သူမကို နမ်းနေခြင်းမှ ရပ်တန့်လိုက်ပြီး သူ့ အသက်ရှူနှုန်းသည်လည်းပြင်းထန်နေခဲ့သည်။သူမသည် မျက်လုံးများကိုပိတ်ထားပြီး သူမ၏ပါးပြင်ပေါ်တွင် မျက်ရည်များကျဆင်းနေသည်။သူမသည် ရုပ်ထုတစ်ရုပ်လို ရပ်နေခဲ့သည်။သူမ၏ အခြေအနေကို ကြည့်နေရင်းဖြင့် သူ အသိစိတ် ပြန်ဝင်လာခဲ့သည်။သူမရဲ့လက်တွေကို ဖြည်းညှင်းစွာလွှတ်ပေးခဲ့ပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်မိသည်။
မိုးသည် သည်းထန်စွာ ရွာသွန်းနေပြီး မိုးချုန်းသံတို့က ကြောက်ရွံ့မှုကို ကြီးထွားစေသည်။ သူမကိုကြည့်မိသောအခါ သူ့နှလုံးသားသည် မိုးကြိုးထိမှန်၍ မီးလောင်ပြာကျနေသည့်အတိုင်း နက်ရှိုင်းစွာ နာကျင်နေခဲ့သည်။ဘာလုပ်ရမယ် ဘာပြောရမယ်ဆိုတာ သူမသိတော့ဘူး။သူမကို တွေဝေစွာကြည့်မိနေလျက် သူ ထိုနေရာတွင် ရပ်နေမိသည်။
သူ၏ နောက်သို့ဆုတ်ခွာသွားခြင်းကို သတိပြုမိသဖြင့် သူမသည် သူမ၏ မျက်ရည်များပြည့်နေသော မျက်လုံးများကို ဖွင့်လာခဲ့သည်။သူမ၏ မျက်နှာအမူအရာသည် နာကျင်မှုများနှင့်အလုံးစုံမနှစ်မြို့မှုများသာဖြစ်သည်။သူမတောင် မသိရှိသော အရှိန်နှုန်းဖြင့် သူရှေ့ ရောက်သွားခဲ့ပြီး သူမ၏ ခွန်အားအကုန်သုံး၍ ပါးရိုက်ခဲ့သည်။
ထို့နောက် သည်းထန်စွာရွာသွန်းနေသော မိုးထဲတွင် သူမပြေးလွှားနေခဲ့သည်။မိုးရွာခြင်းကြောင့်ဖြစ်ပေါ်လာသော အမြစ်တစ်ခုနှင့်သူမ၏ခြေထောက်သည် ရှုပ်ထွေး၍ လဲကျခဲ့သည်။ခလုတ်တိုက်ပြီး သူမ၏ ဒူးခေါင်းများသည်လည်း နာကျင်၊လက်ဖဝါးတွင် ပွန်းပဲ့ခြစ်ရာများရသော်လည်း ချက်ချင်းပင် နာကျင်မှုများမရှိသလို မတ်တပ်ရပ်ခဲ့သည်။ ထို့နောက် သံတံခါးဆီသို့ ဦးတည်ပြေးလွှားနေခဲ့သည်။သူမ၏ အရေပြားပေါ် သို့ မိုးရေစက် များ ထိုးဖောက်ကျရောက်နေသော်လည်း ထိုမိုးစက် များက သူမနှလုံးသားထဲတွင် ကြီးမားပေါက်ဖွားလာသော ပြင်းထန်သည့်နာကြင်မှုကို မဖုံးလွှမ်းနိုင်ခဲ့ပေ။
ထိုနေရာကငရဲဖြစ်ပြီး နတ်ဆိုးကနောက်ကလိုက်နေသလိုမျိုး သူမပြေးလွှားနေခဲ့သည်။
YOU ARE READING
ငယ်ရွယ်တဲ့ မတ်ကလေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)
RomanceLu Lijun & Jiang Yuyan Credit to all Author and Translator. This story is not mine.I just translate this. 🖤 ပထမဆုံးဘာသာပြန်တာဖြစ်တဲ့အတွက်အမှားများရှိရင်ခွွင့်လွှတ်ပါ