အပိုင်း ၁၁ ( ပထမပိုင်း )
"ငါတို့မနက်ဖြန် မြန်မာပြည်ပြန်လာမလို့...."
"ဟာ တကယ်...."
တစ်ဖက်ဖုန်းထဲကစကားကြောင့် ရိုးရာ ဝမ်းသာအားရထအော်
မိတော့သည် ။တစ်ဖက်က ခိုက် မှာလည်းသူ့ရဲ့အသံကြောင့်
တဟားဟားနဲ့အော်ရယ်လေသည် ။"ဒါနဲ့ ငါတို့ ဆိုတော့ ဟိုပေါက်ကျော်မပါ ပါလာမှာပေါ့...."
"ဘာပေါက်ကျော်မလဲ ကောင်စုတ်...."
အယ်....သေစမ်း....
"ဟဲဟဲ သခင်မလေးခြွေ...."
"ဟင်း နင်နော် ရာရာ ငါ့ကိုအတင်းတုပ်ရဲတယ်ပေါ့...."
ချစ်ခွန်းခြွေ ရဲ့စကားကြောင့် ရိုးရာ မျက်နှာလေးမဲ့လိုက်မိတော့
သည် ။ဘာမှမကြောက်တတ်သည့် ရိုးရာ ၏အကြောက်ဆုံးကို
ပြပါဆို ထိုပေါက်ကျော်မကိုလက်ညိုးထိုးပြရမည် ။
ချစ်ခွန်းခြွေ ဆိုတာ ခိုက်ရဲ့ဝမ်းကွဲအစ်မဖြစ်သည် ။။ခိုက် လိုပဲ
ငယ်ငယ်ကတည်းကပေါင်းလာတဲ့သူမို့လို့ ပြောမနာဆိုမနာ
အတွင်းသိအဆင်းသိတွေဖြစ်သည် ။
ခြွေ က Fujoshi တစ်ယောက်ဖြစ်ပြီး သူနဲ့ခိုက် ကိုအမြဲ
ပေးစားနေကြဖြစ်သည် ။ပြီးတော့ပြောလိုက်သေးသည် ဘာတဲ့
' နင့်ကိုကျိန်းသေပေါက်ယောင်္ကျားပေးစားမယ် ' တဲ့လေ ။အင်း....ခြွေရေ....နင်ပြောသလို နင့်သူငယ်ချင်းငါ တကယ်ကြီး
ယောင်္ကျားရနေပါပြီဟာ..."ဟဲ့ ဘာလို့ငြိမ်နေတာလဲ နင်ဘာတွေလုပ်နေတာလဲ မှန်မှန်
ပြောစမ်း ရာရာ...."ဘယ်လောက်အတွေးလွန်သွားလဲမသိ၊ပေါက်ကျော်မ၏အသံ
စူးစူးကိုကြားတော့မှသတိပြန်ဝင်လာရတော့သည့်အဖြစ် ။"ဘာမှမလုပ်ပါဘူး မနက်ဖြန်နင်တို့ဒီကိုလာတော့မှာဆိုတော့
စီစဉ်စရာရှိတာစီစဉ်ထားမလို့ စဉ်းစားနေတာပါ....""ပြီးတာပဲ ဟိဟိ အသဲလေး မမကိုလွမ်းနေတယ်ဟုတ်...."
"ကျစ် အဲ့ရုံပတီးအသံနဲ့မပြောစမ်းပါနဲ့ဟာ ဝေါ့..."
"သူတောင်းစားလေး...."
"ရိုင်းလိုက်တာနော် ခိုက် မင်းကိုယ့်ညီမကိုဆုံးမမလား ငါဆုံးမ
ရမလား ပြော...."
YOU ARE READING
မာယာကြွယ်တဲ့ ကိုယ့်ချစ်သူ ( Zawgyi & unicode )
Romanceနှစ်ပေါင်းများစွာကွဲကွာနေကြသော အမွှာညီအစ်ကိုနှစ်ယောက် ရှေးရိုးရာ နဲ့ ရှေးရိုးဂုဏ် မတော်တဆမှုတစ်ခုကြောင့် ကိုမာဝင်သွားသော ညီဖြစ်သူ၏ နေရာသို့ အစားထိုးဝင်ရောက်ဟန်ဆောင်ပေးဖို့ အကြောင်းဖန် လာသောအခါ ညီဖြစ်သူက gay ဖြစ်နေသည့်အပြင် သူမထင်မှတ်ထားတဲ့ ပြဿနာအရှုပ်အ...