Tears Of Rain
Yoai One Shot
အပြင်ဘက်တယ်မိုးတစ်ဖွဲဖွဲရွာနေပြီး
မိုးစက်များခေါင်းမိုးပေါ်တတောက်တောက်တစ်စက်ချင်းဖြည်းဖြည်းချင်းကျနေတာအလွမ်းသံစဉ်သီချင်းတစ်ပုဒ်ကိုသဘာဝလောကကတီးခတ်ပေးနေသလိုပါဘဲ
မိုးရည်တစ်စက်ခေါင်းမိုးပေါ်ကျမြေကိုခတိုင်းကျွန်တော်ရဲ့ရင်တွင်းခံစားချက်နှလုံးသားမျက်ရည်လည်းပါးပြင်ထက်ကျဆင်းလာတယ်
**********
မိုးရေမိုးစက်မိုးပေါက်
အရမ်းကိုကြည်လင်လှပတဲ့ရေစက်လေးပေါ့
မိုးရွာတာကိုကျွန်တော်အရမ်းနှစ်သက်တယ်
မိုးရွာတာကအခုကျွန်တော်ကိုကျီစယ်လှောင်ပြောင်နေသလိုဘဲ
မိုးရွာရင်ခံစားချက်ထပ်တူကျအောင်classicဂီတလွမ်းလွမ်းလေးကိုဖွင့်ပြီးcoffeeပူပူတစ်ခွက်လေးကိုဖျော်ပြီး
ပူနွေးနွေးထွေးလှတဲ့coffeeအနံ့လေးကိုရှုရိုက်ခံစားပြီးတစ်ငုံသောက်ပြီးအပြင်မှာတစ်စက်ချင်းကျနေတဲ့မိုးစက်မိုးပေါက်ကိုသီချင်းလေးခံစားရင်ကြည့်ရတာကျွန်တော့်ဝါသနာပါ
အဲလိုလုပ်ရင်ကျွန်တော်အလွမ်းစိတ်လေးတွေနိုးကြားလာတတ်တယ်
ဘယ်ဘက်ရင်အုံကတဆစ်ဆစ်စူးအောင့်ပြီးကျွန်တော်သူကိုလွမ်းလာမိတယ်
သူ...သူဆိုတာတိတိကျကျပြောရရင်Kris Hyungပေါ့
ကျွန်တော့်ကိုချစ်တတ်အောင်သူသင်သေးခဲ့တယ်
အသည်းကွဲတဲ့ခံစားမှုအရသာကိုလည်းသူဘဲသင်ပေးခဲ့တယ်
Tears Of Rain
သူသင်ပေးခဲ့တဲ့အချစ်ကချိုမြိန်သလောက်
အသည်းကွဲတဲ့ခံစားမှုကသေမလောက်နာကျင်တယ်
အချစ်ဆိုတဲ့အရာကဘာနဲ့မှဖော်ပြလိုမရဘူးထင်တယ်
အချစ်ဆိုတာဘာမှအရောင်မဆိုးထားတဲ့စာရွက်ဖြူလေးတစ်ခုနဲ့တင်စားချင်တယ်
အဲဒီတဲ့စာရွက်ဖြူလေးပေါ်မှာကျွန်တော်တိုတွေရဲ့အတ္တတွေမာနတွေနဲ့ပေါင်းစပလိုက်တော့ဆေးရောင်စုံဆိုးထားတဲ့ပန်းချီကားတစ်ချပ်တော့ဖြစ်သွားပါတယ်
