Part 1

8.7K 313 2
                                    

uni

မနေ့ညကမိုးရွာထားတာကြောင့်အနည်းငယ်စိုစွတ်နေတဲ့လမ်းမပေါ်မှာ တရွေ့ရွေ့နဲ့ပြေးနေတဲ့ကားအဖြူလေး
ထိုကားအဖြူလေးထဲမှာတော့ ဖြူဖွေးတဲ့အသားအရေနဲ့လိုက်ဖက်စွာရွှေအိုရောင်ဆံနွယ်လေးနဲ့ကောင်မလေးတစ်ယောက် koreaလူမျိုးအစစ်ဖြစ်ပေမယ့်အခုမှပထမဆုံးအကြိမ်ကိုရီးယားမြေကိုရောက်ဖူးခြင်းပင်  Australiaနိုင်ငံမှာပဲမွေးဖွားပြီးထိုနိုင်ငံမှာပဲကြီးပျင်းခဲ့သည့် Park Chaeyoung ဆိုသောကောင်မလေး Koreaနိုင်ငံကိုမိသားစုနဲ့အတူပြန်လာနေဖို့စီစဉ်ခဲ့ပေမယ့်ကံမကောင်းစွာဘဲ လွန်ခဲ့တဲ့နှစ်မှာပဲ car accidence ကြောင့်မိဘနှစ်ပါးလုံးဆုံးပါးခဲ့ရသည် မိဘနှစ်ပါးလုံးရဲ့မွေးရပ်မြေ ကိုယ့်လူမျိုးတွေရဲ့မြေကိုပြန်လာတဲ့လမ်းတစ်လျှောက် Chae မိဘတွေကိုလွမ်းမိသည် တစ်ခါမှမရောက်ဘူးပေမယ့် မိဘတွေရဲ့အငွေ့အသက်တွေရှိတဲ့ဒီနိုင်ငံမှာဘဲ Chaeတစ်သက်လုံးနေဖို့ဆုံးဖြတ်ထားခဲ့ပြီး လာခဲ့ခြင်းဖြစ်သည် လမ်းတစ်လျှောက်တွေးလာရင်းအခုဆို GPSရဲ့ညွှန်ပြမှုကြောင့် Chaeမိဘတွေနေခဲ့တဲ့အိမ်လေးကိုရောက်ရှိလာပြီ Chaeက Chaeမေမေနဲ့တူသည်ဟုပြောကြသည်မှာမမှားပေ ခြံထဲမှာ ပန်းခြံလေးရှိနေပုံအရ Chae omma လည်းပန်းစိုက်ရတာဝါသနာပါသူဖြစ်သည်ဟုသိနိုင်သည် ဒီခြံနဲ့ဒီအိမ်မှာလူမနေတာ Chae တစ်သက်ရှိပြီဖြစ်ပေမယ့် ​Appa ရဲ့သူငယ်ချင်းကစောင့်ရှောက်ထားသောကြောင့်လူနေသည်နှင့်မခြား သန့်
ရှင်းနေသည် Appa ပြောပုံအရ Appa သူငယ်ချင်းက Appa တို့အိမ်ရဲ့ဘေးကအိမ်ဟုသိရသောကြောင့် ဘေးအိမ်ကိုတစ်ချက်ကြည့်လိုက်တော့ အပြာရောင် 3ထပ်တိုက်တစ်လုံးကိုတွေ့ရတယ် ပစ္စည်းတွေနေရာချပြီးမှဘဲသွား၍နှုတ်ဆက်ရမည် ခုနက ခြံတံခါးလာဖွင့်ပေးတဲ့ အန်တီကြီးက ခြံထဲရော အိမ်ထဲကိုပါ လိုက်ပြပေးရင်း ထိုအန်တီကြီးက တစ်လတစ်ခါအိမ်ကိုသန့်ရှင်းရေးလာလုပ်ပေးနေကြဖြစ်သည်ဟုသိရသည် နောက်ပြီး chaeတစ်ယောက်ထဲနေလို့အဆင်မပြေလျှင်လည်း အိမ်မှာလာနေပေးပြီး အလုပ်လုပ်ပေးမည်ဟုပြောပေမယ့် Chae ကတစ်ယောက်တည်းနေလည်းအဆင်ပြေသောကြောင့် တစ်လတစ်ခါ သန့်ရှင်းရေးလုပ်ဖို့သာပုံမှန်အတိုင်းလာရန် ပြောလိုက်သည် Chae ကမိန်းကလေးဖြစ်ပေမယ့် တစ်ယောက်ထဲရပ်တည်နိုင်သူတစ်ယောက်ဖြစ်သည်  Chaeတို့မိသားစုက ​အရမ်းကြီးမချမ်းသာပေမယ့် Appa Omma တို့ရဲ့အမွေတွေနဲ့ဆို Chae တစ်ယောက်ဘာအလုပ်မှမလုပ်ဘဲတစ်သက်လုံးနေနိုင်သည်  Chae ကတော့ Aussie မှာပန်းချီပြခန်းတစ်ခုဖွင့်ခဲ့ဖူးတာကြောင့် koreaမှာလည်းထိုသို့ဖွင့်နိုင်ဖို့ Chae စဉ်းစားထားသည် Aussie ကပါလာတဲ့ ပန်းချီကားတွေအကုန်လုံးကို အခန်းတစ်ခန်းထဲမှာ စနစ်တကျနေရာချပြီးတော့ ည7နာရီရှိပြီဖြစ်သည် ညနေကအန်တီကြီးက ချက်ပြုတ်ပေးခဲ့သည်များကိုစားပြီးနောက် Chae မနက်ကျရင်ဘေးအိမ်က Appa သူငယ်ချင်းမိသားစုပိုသွားနှုတ်ဆက်ရမည်ကိုသတိရမိသောကြောင့် အခန်းပြတင်းပေါက်ကနေ ထိုအိမ်ဘက်ကိုအမှတ်တမဲ့ကြည့်လိုက်မိသည် Chae အခန်းနဲ့ မျက်နှာချင်းဆိုင်မှာ ထိုအိမ်မှာလည်းအခန်းတစ်ခန်းရှိပုံပဲChae ကြည့်နေရင်း ပြတင်းပေါက်တံခါးနားလာရပ်နေတဲ့ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်Chae နဲ့သက်တူရွယ်တူဖြစ်ပုံပဲ လိုက်ကာချထားတာကြောင့်မျက်နှာကိုတော့သေချာမတွေ့လိုက်ရ Chae လည်း မျက်နှာသစ် သွားတိုက်ပြီး အိပ်ရာအသစ်မှာအိပ်ပျော်ဖို့ကြိုးစားလိုက်သည်
 
မနက်လင်းတော့ Chaeတစ်ယောက် omma သင်ထားသည့် စွမ်းရည်များကိုထုတ်သုံးပြီးချက်ပြုတ်စားသောက်လိုက်သည် omma လက်ရာကိုလွမ်းပေမယ့်chae ကိုယ့်စိတ်ကိုဖြေပဲဖြေလိုက်ရသည်ထို့နောက်Chae က ဆန်မုန့်မလုပ်တတ်တာကြောင့် ကိုယ်လုပ်တတ်သည့်macaron ပဲလုပ်ပြီးAppa သူငယ်ချင်းရဲ့အိမ်ကိုသွားလိုက်သည်
ခြံတံခါးလာဖွင့်ပေးတဲ့အန်တီကြီးအား
"အန်တီမဂ်လာပါ Chae ကမနေ့ကမှဟိုဘက်အိမ်ကိုရောက်လာတဲ့လူသစ်ပါ အဲ့ဒါ ဒီအိမ်ကappa သူငယ်ချင်းအိမ်လို့ပြောလို့ chae macaronလာပို့တာပါ"
Chae ထိုသို့ပြောလိုက်တော့အန်တီကြီးကအိမ်ထဲခေါ်တာကြောင့်လိုက်သွားလိုက်တယ်
"ဧည့်သည်လား"
အသက်45ခန့်အန်ကယ်တစ်ယောက်ကဧည့်ခန်းထဲကနေပြောတော့
"ဟုတ်တယ် သူဋေး ဟိုဘက်အိမ်ကိုမနေ့ကရောက်လာတဲ့လူသစ်လို့ပြောပါတယ်"
"ဟေ ဟိုဘက်အိမ်ကိုပြောင်းလာတာဟုတ်လား အဲ့ဒါဆို Park ji youngရဲ့သမီးလေးလား"
"ဟုတ်ပါတယ် အန်ကယ် သမီးက Daddy ji young Mommy Dara တို့ရဲ့သမီးပါ သမီးနာမည်က Park Chae young လို့ခေါ်ပါတယ် သမီးမနေ့ကလာမလို့ပေမယ့် မိုးချုပ်သွားလို့ ဒီနေ့မှပဲ လာပြီး မုန့်တွေလည်းလာပေးတာပါ"
"သမီးရယ်လာပါဉီးထိုင်ပါ"ထိုဉီးလေးကchae ကိုထိုင်ခုံတစ်ခုမှာထိုင်စေရင်း
"သမီးပြန်လာမယ်လို့အန်ကယ်တို့လည်းမသိရပါလားသမီးရယ် jiyoungတို့ကလည်း ငါ့ဆီဖုန်းဆက်ပြီးပြောရင်လာကြိုလို့ရတာပဲ အခုတော့သမီးတစ်ယောက်ထဲကို ဒီကိုလွှတ်လိုက်တာကောင်းလား ဒါနဲ့ Ji young နဲ့ Daraတို့ရော မလိုက်လာဘူးလား "
"Appa နဲ့ omma တို့ကပြီးခဲ့တဲ့နှစ်ကုန်ခါနီးလောက်မှာပဲcar accidenceကြောင့်ဆုံးသွားတာပါအန်ကယ်"
"ဘယ်လို သူတို့ဆုံးသွားပြီ ဟုတ်လား အန်ကယ်လဲဘာမှမသိလိုက်ရပါလား"
"ဟုတ်တယ်အန်ကယ် chae ကလည်းဒီနိုင်ငံမှာအသိမရှိတော့ ဘယ်သူ့ကိုမှလည်းလှမ်းမပြောဖြစ်ဘူးနောက်ပြီး appa နဲ့ ommaမရှိတော့တဲ့နောက်ပိုင်း သူတို့ရဲ့ဆန္ဒအတိုင်းဒီနိုင်ငံမှာပဲနေဖို့ဆုံးဖြတ်ပြီးလာခဲ့တာပါ appa ကအန်ကယ်T.O.Pအကြောင်းနဲ့ သူ့အိမ်အကြောင်းခနခနပြောလို့အန်ကယ်နာမည်ကိုတော့ကြားဖူးပါတယ် လူချင်းကတော့အခုမှတွေ့ရတာပေါ့"
"အင်းပေါ့သမီးရယ် ဘာပဲဖြစ်ဖြစ် သမီးအကူအညီလိုရင်အန်ကယ့်ကိုပြော ji yong သမီးကလည်းအန်ကယ့်သမီးပဲပေါ့ နောက်ပြီး အန်ကယ့်မှာလည်းသမီး2ယောက်ရှိတယ် အခုတော့ မနက်စောစောညီအမနှစ်ယောက်အပြင်ထွက်သွားတယ် နောက်မှမိတ်ဆက်ပေးမယ် ဟုတ်ပြီလား"
"ဟုတ်ကဲ့ပါအန်ကယ်"
"ဒါနဲ့သမီးဟိုမှာတုန်းကဘာအလုပ်လုပ်ခဲ့တာလဲ ဒီမှာရောဘာလုပ်ဖို့စိတ်ကူးထားလဲ ဟိုတစ်မျိုးမထင်နဲ့နော် အန်ကယ်ကူညီနိုင်ရင်ကူညီပေးဖို့ပါ"
"ဟုတ်အန်ကယ် သမီးဟိုမှာတုန်းက ပန်းချီပြခန်းတစ်ခုဖွင့်ဖူးတယ် ဒီမှာလည်းအဲ့လိုဖွင့်နိုင်ဖို့ကြိုးစားမယ်လို့စိတ်ကူးထားတယ် အခုကတော့ ဒီနိုင်ငံမှာအသားကျအောင်အရင်ကြိုးစားဉီးမလို့ပဲအန်ကယ်"
"အေးအေးကောင်းပါတယ် သမီးရယ် အကူအညီလိုလည်းအန်ကယ့်ကိုပြောဟုတ်ပြီလား"
"ဟုတ်ကဲ့အန်ကယ်အဲ့ဒါဆိုသမီးပြန်လိုက်ပါဉီးမယ်အန်ကယ်"
"အော်အေးအေးဟုတ်ပြီ ဒါနဲ့သမီးရေ ဒီနေ့အန်ကယ်တို့ကသမီးကိုညစာကျွေးပရစေနော် အန်ကယ့်သမီးနှစ်ယောက်နဲ့လည်းမိတ်ဆက်ပေးရင်းပေါ့ သမီးဆက်ဆက်လာခဲ့နော်မလာရင်အန်ကယ်က အိမ်အထိလာခေါ်မှာ"
"အာဟုတ်ပါပြီ အန်ကယ်ရယ် သမီးလာခဲ့ပါမယ်"

My Favourite medicine(completed)Where stories live. Discover now