Part 12

1.8K 149 3
                                    

Uni

Jisoo အိမ်ပြန်ရောက်တော့ လီလီကပြောစရာရှိတယ်ဆိုလို့ လီလီ့အခန်းထဲကိုဝင်လာခဲ့တယ်
လီလီကပြတင်းပေါက်ကနေအပြင်ကိုငေးနေတာ jisooအခန်းထဲရောက်နေမှန်းတောင်မသိ
အပြင်ဆိုတာထက်အမှန်ဆုံးပြောရရင် chaeရဲ့အခန်းဘက်ပေါ့
"လီလီလေး unnieပြန်ရောက်ပြီ"
"အော် unnieပြန်လာပြီလား ပင်ပန်းလာလား"
"မပင်ပန်းပါဘူး လီလီရဲ့"
"Jennie unnieရောသူ့ရိုက်ကူးရေးအဆင်ပြေတယ်မလား"
"အင်းပြေပါတယ်လီလီ"
Jennieအကြောင်းမေးတော့ပြုံးစိစိဖြစ်သွားတဲ့ unnieကို လီလီမသင်္ကာတာကြောင့်
"ဘာဖြစ်တာလဲ jennie unnieအကြောင်းပြောတာနဲ့ရုပ်ကြီးက"
"မဟုတ်ပါဘူး လီလီရဲ့ unnieဘာဖြစ်လို့လဲ"
"မလိမ်နဲ့နော် လီလီ့ကိုလိမ်ရင် လီလီ့အကြောင်းသိတယ်မလား"
Jisooလည်းသူ့ညီမလေးကိုပြောပြဖို့ဆုံးဖြတ်လိုက်တယ်
"တကယ်တော့လေ ဒီနေ့ unnieနဲ့ jenနဲ့ ချစ်သူတွေဖြစ်သွားပြီ"
"ဘယ်လိုတကယ်ကြီးလား"
"အင်းဟုတ်တယ်"
"Congratulations ပါ unnieရယ် လီလီတောင်စိတ်ရှုပ်နေတာတွေပျောက်သွားပြီ unnieစကားကြားပြီး"
"လီလီကဘာတွေစိတ်ရှုပ်နေတာလဲ မနက်ကပြောမယ်ဆိုတာအဲ့ဒါလား"
"ဟုတ်တယ် unnie အခုလီလီ့စိတ်ကိုလီလီကိုယ်တိုင်ပြန်သုံးသပ်နေတာ"
"ဘာကိုလဲလီလီ unnieကိုနားလည်အောင်သေချာရှင်းပြ"
"မနေ့က လီလီသောက်တာများပြီး မှောက်သွားလို့ chaeကလီလီ့ကိုသူ့အိမ်ခေါ်သွားတယ်မလား"
"ဟုတ်တယ်လေ"
Lisaလည်း အဖြစ်အပျက်ကိုအကုန်ပြောပြလိုက်တယ်

"အဲ့ဒါဆို လီလီက chaeကိုနမ်းခဲ့တာပေါ့"
"ဟုတ်တယ် unnie အဲ့တုန်းက လီလီchaeကိုမြင်ပြီး စိတ်မထိန်းနိုင်ဘဲဖြစ်သွားတာ "
"Chaeမေးတော့လီလီကစိတ်လွတ်သွားလို့လို့ဖြေလိုက်တာကို chaeကစိတ်ဆိုးသွားတာနေမယ်"
"လီလီလည်းအဲ့လိုပဲထင်တယ်"
"လီလီကchaeကိုချစ်နေတာမဟုတ်ဘူးလား ကိုယ်ချစ်နေတဲ့မိန်းကလေးကိုမြတ်နိုးလို့နမ်းမိခဲ့တာလို့ရောမထင်မိဘူးလား"
"လီလီလေ တကယ်ပဲ chaeကိုချစ်နေမိတာလားမသိဘူး
ဒီနေ့တစ်နေကုန် chaeနဲ့မတွေ့ရတော့ လီလီ့စိတ်ထဲလွမ်းသလိုမျိုးပဲ နောက်ပြီးသူလီလီ့ကိုတစ်မျိုးထင်သွားမှာလည်းဆိုးတယ် သူစိတ်ဆိုးသွားတာတော့သေချာတယ် မနက်ကလီလီနိုးအောင်မစောင့်ဘဲအလုပ်ကိုသွားတယ် အခုထိလည်းပြန်မလာသေးဘူး လီလီဖုန်းဆက်တော့လည်း ဧည့်သည်ရှိတယ်ဆိုပြီးဖုန်းချပစ်တယ် unnie လီလီတကယ် chaeကိုချစ်နေမိပြီထင်တယ်"
"အခုလီလီ့စိတ်ကိုလီလီသိရင် chaeကိုပြောပြရမှာပေါ့ "
"ဟုတ်တယ် chae သိအောင်လီလီပြောပြရမယ် "
Lisaတစ်ယောက်ပြောရင်း ဖုန်းကိုယူပြီး chaeဆီဆက်မယ်လုပ်တော့ jisooကယူပြီး
"ဒီလိုစကားမျိုးကိုလီလီကဖုန်းထဲကနေပြောရင် chaeကိုတန်ဖိုးမထားသလိုထပ်ပြီးဖြစ်ဉီးမှာပေါ့ နောက်နေ့မှ chaeဆီသွားပြီး လီလီ့ခံစားချက်တွေကိုသေချာပြောပြလိုက်ဟုတ်ပြီလား"
"အဲ့လိုလား unnie ဟုတ်ပြီ ကျေးဇူးပါ unnieအခုလိုလီလီ့ကိုပြောပြပေးလို့"

My Favourite medicine(completed)Where stories live. Discover now