My Senior GE GE
( Unicode )
ybတစ်ယောက်မျက်နှာမသာမယာလငပုတ်ဖမ်းထားသလိုနဲ့ကန်တင်းမှာထိုင်နေတာနံနက်၇နာရီကတည်းကပင် ။ ခုဆို၇နာရီခွဲနေပြီ ။
ရင်ထဲပန်းတွေပွင့်နေတယ်များထင်နေကြလားမသိဘူး ။ ကန်တင်းဝင်ထိုင်ကတည်းကကောင်မတွေလူကိုပြုံးစိစိနဲ့ပါးစပ်ထဲယင်ကောင်ဝင်လို့ရအောင်ကိုဖြီးပြီးကြည့်နေကြတာ ။ but no problem ပါybတို့ကရုပ်ချောတော့ရူပဒါနလုပ်တယ်လို့သဘောထားလိုက်မယ် ။
ဒါပေမဲ့ခုချိန်ထိရောက်မလာသေးတဲ့ဟောက်ရွှမ်းကိုတော့စိတ်တိုလာပြီ ။ မနက်စောစောကတော့ဖုန်းတဂွမ်ဂွမ်ဆက်ပြီး၇နာရီအရောက်ကန်တင်းမှာဆုံမယ်တဲ့ပြီးမှwelcomeအတူသွားမယ်ဆိုပြီးချိန်းထားတာခုတော့၇နာရီတောင်ခွဲနေပြီလဒလေးကမလာသေးဘူး ဟူး....။ တစ်ရက်ရက်တော့အရပ်မရှည်သလိုစိတ်မရှည်တာလည်းပြောထားရအုံးမယ် ။
" ဟေ့....ybရောက်တာကြာပြီလား "
တွေးနေတုံးလာပါပြီဗြီတီတီရုပ်နဲ့အသက်ရှည်အုံးမယ်.....
" မကြာပါဘူးနာရီဝက်တောင်ရှိပြီဆိုတော့ "
" ဟဲ....ဟဲ....သူငယ်ချင်းလေးကလည်းငါကမဆိုသလောက်လေးပိစိလေးနောက်ကျသွားတာပါကွာ "
" ထားပါတော့...သွားမယ် "
" aa..... "
ဆိုပြီးကန်တင်းမှထကာအားကစားမေဂျာရဲ့main hallမှာကျင်းပမဲ့သူတို့first year welcomeဆီကိုဦးတည်ခဲ့တယ် ။
welcomeဆိုတော့လူတွေပြည့်နက်နေတာမဆန်းပေမဲ့ybကအဲ့လိုလူတွေများများနဲ့နေရတာမကြိုက်ဘူး။
ဒါကြောင့်လည်းခနပဲနေပြီးပြန်မယ်လို့စဥ်းစားထားတယ် ။ ဒါမှမဟုတ်လည်းbasketballသွားကစားနေမယ်ဆိုပြီးplanဆွဲထားတယ် ။" အော်...ybတို့ရောက်တာကြာပြီလား "
ဆိုတဲ့အသံကြားလို့ကြည့်လိုက်တော့ဟောက်ရွှမ်းရဲ့အစ်ကိုရိပင်းကောနဲ့ဟိုစီနီယာ၃ယောက် ။ မဖြစ်ဘူးစီနီယာရှောင်းကိုမြင်ရင်လူကခပ်လန့်လန့် တော်ကြာလူတွေကြားထဲအရင်ကလိုကလေးလို့ထပ်ခေါ်နေရင်ငါ့imageပျက်ရကျီရဲ့မြန်မြန်ရှောင်ထွက်မှ ။
YOU ARE READING
𝑴𝒚 𝑆𝑒𝑛𝑖𝑜𝑟 𝑮𝑬 𝑮𝑬 ( complete )
Short StoryI feel the fragrance of LOVE everywhere when you are near me baby ! 💚 zhanyi🍑 short story