မနက်ခင်းအစရဲ့ နေရောင်ခြည်ဖြဖြက
လိမ္မော်ရင့်ရောင် မေပယ်လ်တွေပေါ် ဖြာကျတဲ့အခါ
မြင်ကွင်းက တရင်းတနှီး။ချမ်းစိမ့်စိမ့် ရာသီဥတုက အနွေးဓာတ်တစ်ခုကို
တောင့်တရင်း ခပ်ဆွေးဆွေးလေး ငေးချင်စရာ။ဆောင်းခိုငှက်တွေရဲ့အသံနဲ့တူ ခပ်တိုးတိုးလေး
ညည်းနေတဲ့ သီချင်းသံတချို့က လေထဲမှာပျံ့လွင့်တယ်။ခြံထဲမှာစိုက်ထားတဲ့ Camelliaအဖြူ တွေကို တစ်ချက်လှမ်းကြည့်ရင်း ခြေလှမ်းတွေက ခြံအပြင်ဖက်ကို ဦးတည်တယ်။
"ဦးဦး"
ခေါ်သံနဲ့အတူ သူ့ဆီပြေးလာတဲ့ ကလေးမလေးကို
အသာအယာချီလိုက်တော့ တခစ်ခစ်မြည်အောင်
ရယ်ပြတဲ့ Ayaလေးကို ရှောင်းကျန့်က တစ်နေ့တစ်ခြား အချစ်ပိုရတယ်။"ကျောင်းသွားတော့မလို့လား"
"အင်း။ဦးဦးကို လာနှုတ်ဆက်တာ"
"မေမေရော"
"နောက်မှာပါတယ်။Ayaက ပြေးလာတာ"
ဘေးအိမ်ကို ပြောင်းလာတာ ခြောက်လကျော်ကျော်ပဲရှိသေးတဲ့ Ayaလေးက ရှောင်းကျန့်ကို
အတော်ခင်တွယ်တယ်။ပါးဖောင်းလေးတွေနဲ့ ချစ်စရာကောင်းတဲ့ကလေးမကို ရှောင်းကျန့်ကလည်း
မချစ်ပဲ မနေနိုင်။"Ayako!"
သူ့အမေခေါ်သံကြားတော့ လှည့်ကြည့်ပြီး မျက်နှာ
ချိုသွေးပြနေတဲ့ Ayaက တကယ်ငလည်မလေး။"မပြေးနဲ့လို့ မေမေမှာထားတယ်မလား"
"......"
"ဒီကိုလာခဲ့ Aya။ကျောင်းသွားရတော့မှာကို ဦးဦး
ကိုနှောက်ယှက်မနေနဲ့တော့"စူပုပ်ကောက်ချိတ်သွားတဲ့ Ayaက ပြန်ပြောချင်ပေမယ့် အဆူခံရမှာကို ကြောက်နေတဲ့ရုပ်နဲ့။
"အနှောက်အယှက်မဖြစ်ပါဘူး။ကျွန်တော်လည်း
တစ်ယောက်တည်း ပျင်းနေတာ။Ayaလေးလာတော့ ကျွန်တော်လည်း အဖော်ရတာပေါ့""တွေ့လား....သမီးပြောပါတယ်"
"ဦးဦးက သဘောကောင်းတိုင်း ဆိုးမနေနဲ့ Aya"
"မေမေက သမီးကိုပဲပြောနေတာ။သမီးက မဆိုးပါဘူး။ဟုတ်တယ်မလား ဦးဦး"