part 5

51 6 0
                                    

📱Tu::::::

" hello "

" taeng!! "

#_____ #

" hello ! hello ! "

*ဟူး~~  အနှစ်နှစ် အလလ ဆက်ခဲ့တဲ့ ဒီ ph မှာ
ထူးသံက လွဲလို့ ကျွန်မ အသံကြားရင် ချ သွားမြဲ…
နင် ​ငါ့အပေါ်ကို ဒီလောက်တောင် မုန်းသွားတာလား
taeng … *

စိတ်ပျက်ညည်း ညူ ပြီး sica​ခြေပစ်လက်ပစ် ထိုင်ချပစ်လိုက်သည်။ ​မွေးရပ်​​မြေက​နေ ထွက်​သွားခဲ့တာ  ​အနည်းဆုံး 6 နှစ်လောက်တော့ ရှိပြီပေါ့…အားလုံးက အသစ်တေ ဖြစ်နေပေမယ့် သူမ နှလုံးသားကတော့ မပြောင်းလဲသေးဘူး ဆိုရမှာပဲ … ချစ်ရသူရှိရာကို ပြန်လာရပေမယ့် ဘယ်လိုမျက်နှာနဲ့ သူ့ကို သွားတွေ့ရပါ့မလဲ……

time skip,

ညနေဘက် sica ကားကို မောင်းလာရင်း တစ်နေရာ ရောက်တော့ သူမ ကားကို ထိုးရပ်လိုက်သည်။
sica ပြန်ရောက်နေတဲ့ 3 လ အတွင်း ဒီ ဆိုင်လေးကို အမြဲ တမ်းမဟုတ်ရင်တောင် မကြာမကြာ လာ
ထိုင်နေကျ။  ဒါကလည်း  taeng  ကိုတွေ့နိုင်ဖို့ တစ်ခုတည်းသော နေရာလေးတစ်ခု ဆိုတာ သူမအသေ အချာသိထားသည်​။

ဆိုင်ထဲကို ဝင်လာတော့ ဆိုင်ရှင်ကောင်မလေးက

" ကြိုဆို ပါတယ် … အရင်အတိုင်း ပဲမလား… "တဲ့

" မင်းတောင် ငါ့သောက်တာကို အလွတ်ရနေပြီပဲ "

" ဟုတ်ပါရဲ့ ဒါနက် ဒီက unnie က ဒီကို မကြာ
မကြာလာတယ်နော်… ဒီက coffee ​တွေမှာ ​မှော်​အစွမ်း​တွေရှိ​နေတာပဲ ဖြစ်​ရ​မေ "

" ဟုတ်မယ် ထင်တယ်…"

sica yoona ကိုပြုံးပြပြီး coffee ခွက်ကိုယူကာ  ထိုင်သောက်နေကြ နေရာ ကို သွားပြီးထိုင်နေလိုက်သည်။

" hey yoon!!! "

" oh! fany unnie …လာတာနဲ့ အတော်ပဲ…ဒီမှာ ထိုင် "

" omm! ဒါနဲ့ yoona ya. Kim taeyeon ဆိုတဲ့သူက ပြည်​ပမှာ​နေတာမဟုတ်​လား ဟို​တ​လောက ​ဆေးရုံကို လာမယ်​ဆိုပြီး သတင်းကြားပြီး မ​တွေ့လိုက်​ဘူး..  "

" အာ.အဲ့လိုလား..yoon လည်းမ​ပြောတတ်​ဘူး. "

taeyeon ဆိုတဲ့ အသံကို ရုတ်တရက်ကြားလိုက်ရတော့ sica မသိမသာလေး နားစွင့်လိုက်မိသည်။

Gangster BabyWhere stories live. Discover now