Recommend song-[Heather by Conan Gray]
ရှန်နယ်...
ပုံမှန်ဆိုသူက ရေမွှေးနံ့တွေ မကြိုက်ပေမဲ့ ရိပေါ်ကိုယ်ပေါ်မှာဆို အဲ့တာက တိမ်းမူးဖို့ကောင်းလွန်းတယ်...
ရိပေါ်သာဆို အကုန်လုံးက လှတယ်...
သူ့နှုတ်ခမ်းပါးပါးတွေ... တစ်လောကလုံးကို ဂရုမစိုက်သလိုမျိုး မှေးစင်းကြည့်တတ်တဲ့ မျက်လုံးတွေ...ပြီးတော့ မျက်တောင်တိုစိပ်စိပ်တွေ... ပြီးတော့ ပါးဖောင်းဖောင်းလေးတွေ...
ပြီးတော့ အကုန်လုံးပဲ...
ရိပေါ်က ဘုရားသခင်ပဲဖြစ်မယ်ထင်တယ်...မဟုတ်ရင် သူဘာလို့ ဒီလိုမျိုး ဒူးထောက်နေမိမှာလဲ...
သူဘာလို့ မငေးပဲမနေနိုင်ရမှာလဲ...
ရိပေါ်ရဲ့ ဆွယ်တာကို အားကိုးတကြီး ဆုပ်ထားမိမှာတဲ့လဲ...ပြီးတော့ ရိပေါ်ကို သူ မတုန်မယင်ပဲ ဘယ်လိုလုပ်နမ်းနိုင်မှာလဲ...
I still remember third of December
Me in your sweater, you said it looked better on me than it did youအေးစက်စက် နံရံဟာ သူ့နောက်ကျောနဲ့ ကပ်နေတဲ့အခါမှာ ရိပေါ်ရဲ့ ပူပြင်းလှတဲ့ဝင်သက်ထွက်သက်တွေက သူ့လည်ပင်းကိုထိနေခဲ့တယ်...
ရိပေါ်က သူ့ရဲ့ အေးစက်တဲ့အောက်နှုတ်ခမ်းကို ကိုက်ထားခဲ့ပြီး သူ့ရဲ့လက်တွေကိုတော့ သူ့ခါးမှာတွဲချိတ်ထားစေချင်တယ်...
ရိပေါ်ရဲ့ကြီးမားတဲ့လက်တွေကတော့ အေးစက်တဲ့ သူ့ပါးတွေပေါ်မှာ...တယုတယ...မသိရင် ရှောင်းကျန့်က သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုလိုပါပဲ...
ကွဲကြေသွားမယ်စိုးလို့ နှုတ်ခမ်းတွေပေါ် ဖွဖွကလေး ဖြတ်ပြေးရှပ်တိုက်သွားတတ်တဲ့ သူ့နှုတ်ခမ်းပါးပါးတွေ...မျက်လုံးဖွင့်ကြည့်ဖို့ အမိန့်ပေးနေတာတွေ...
ရိပေါ်ရယ်... ငါက ဘယ်လိုလုပ် မတုန်မယင်ပဲ မင်းကို နမ်းနိုင်မှာလဲ...
ဘယ်လိုလုပ် လောဘမတက်မိမှာတဲ့လဲ...ဘယ်လိုလုပ်ပြီး ငါမင်းကို ကြည့်နိုင်မှာလဲ...
မျက်လုံးဖွင့်လိုက်လို့ ဒါကအိပ်မက်တစ်ခုပဲ ထပ်ဖြစ်နေဦးမယ်ဆိုရင် ငါ... ငါဘယ်လိုလုပ်ရမလဲ...