Chapter 6

884 95 7
                                    

ဒီအိမ်မှာအလုပ်လုပ်တာ1ပတ်ပြည့်ပြီ...
ဘာအလုပ်လဲ?
အင်း....Jeon Jung Kookဆိုသောထိုလူ၏ အလုပ်များကိုလုပ်ပေးရသောလူတစ်ယောက်။
မိုးလင်းရင်သူစားမယ့်အစားအစာကိုကျတော်ကိုယ်တိုင်ထပြင်ပေးရတာမျိုး။။မနက်စာစားပီးရင်သူအလုပ်သွားချိန်အ၀တ်စားထုတ်ပြီးဖိနပ်ပြင်ပေးရတာမျိုး။။ညနေသူပြန်ရောက်လာရင်သူစားဖို့ထမင်းချက်ပေးရတာ ဒါပါပဲ
ဒါတွေလုပ်ပေးရတာကလွဲကျန်တာအားလုံးကပုံမှန်ပါပဲ...
ဒီနေ့ဘေးအိမ်ကိုလူသစ်တွေ‌ပြောင်းလာတယ် ကောင်လေးနှစ်ယောက်နဲ့ကလေးလေးတစ်ယောက် သေချာတော့မသိဘူးဘယ်သူတွေမှန်း။

Tin toung....
လာပီ....
တံခါးဖွင့်ပေးလိုက်တော့....

အာညော် ဘေးအိမ်ကို‌ပြောင်းလာတာပါ Min Yoongiပါ...
ကောင်လေးကမျက်လုံးမှေးမှေး သွားသေးသေးလေးတွေပေါ်အောင်ရယ်ပြနေတာမို့...သူလဲပြန်ရယ်ပြရင်းနဲ့

အာညော် Kim Seok Jinလို့‌ခေါ်ပါတယ်အိမ်ထဲဝင်အုံးလေ...

ဟင့်အင်း သမီး‌အိပ်နေတုန်းထွက်လာတာမို့နောက်မှပဲလာပါမယ် ဒီမှာဆန်မုန့်...

အာ အင်းနောက်မှပဲလာခဲ့ပါအဲ့ဆိုကလေးကိုပါ‌ခေါ်လာပီးတော့ပေါ့

ဟုတ် အဲ့ဆိုသွားလိုက်ပါအုံးမယ်နော်...

ဟုတ် ဂရုစိုက်သွားပါ...
ကောင်လေးကနှုတ်ဆက်ပြီးပြန်သွားမို့သူလဲဆန်မုန့်ထုတ်ကိုယူပြီးအိမ်ထြဲပန်ဝင်ပြီးအိမ်အလုပ်တွေပဲဆက်လုပ်နေမိတယ်..ညနေထိJeon Jung Kookဆိုတဲ့လူကပြန်မလာသေး ဒီအချိန်ဆိုပြန်ရောက်နေကြကို...ခဏကြာတော့ကားသံကြားတယ် သူပြန်လာပြီထင်တယ်။အိမ်ပေါက်ဝနားသွားပြီးကြိုလိုက်ပြီးသူ့အိတ်ကိုယူလိုက်ပြီး...

‌ထမင်းစားတော့မှာလား?

ဟင့်အင်း အပြင်သွားစရာရှိတယ် ရေချိုးပြီးတာနဲ့တန်းသွားမှာ

အာ..အင်း
ညှိုးကျသွားတဲ့မျက်နှာကိုထိုသူကက‌တော့မမြင်လိုက်ပါ။

အိပ်နှင့်ရင်အိပ်နှင့် နောက်ကျမလားမသိဘူး..

အင်းပါ..
အပေါ်ထပ်တက်သွားတဲ့သူ့ကိုကြည့်ပြီးရင်တွေပူလာလိုက်တာ။ဘာလို့အဲ့လောက်တောင်အလှမ်းဝေးနေရတာလဲခင်ဗျားရယ်။ပြီးတော့ဘာလို့ငါနဲ့‌ဝေးတဲ့နေရာကိုပဲထွက်‌ပြေးနေရတာလဲ။ငါ့သူငယ်ချင်းဖြစ်တဲ့မင်းကိုစည်းမကျော်ချင်ဘူးJungKook။အင်း ဟုတ်တယ်ငါ့သူငယ်ချင်းJeon Jung Kook။ငါ့ကိုမမှတ်မိတဲ့ငါ့သူငယ်ချင်းJeon Jung Kook။
.
.
.
.
.
အဲ့ဆိုဆော့ဆော့ကဒီညပြန်မ‌ရောက်နိုင်‌တော့ဘူးပေါ့ သမီးလေးကတော့လွမ်းနေတော့မှာပဲသူ့Daddyကို

𝐃𝐨𝐧'𝐭 𝐭𝐨𝐮𝐜𝐡 𝐦𝐲 𝐛𝐨𝐲 ✅Where stories live. Discover now