IGTBM - Ep 5

3K 496 145
                                    


Its good to be Me Part 5

အရှေ့မှာထိုင်နေတဲ့ဖန်ရှင်းက စကားတွေရေပက်မဝင်အောင်ပြောနေပေမယ့် ရိပေါ်ကတော့ ဖန်ရှင်းစကားတွေ ကြားတစ်ချက် မကြားတစ်ချက်နဲ့ရယ်။

သူ့စိတ်ထဲမှာစဉ်းစားနေမိတာ သူ့ရဲ့ချစ်ခင်ပွန်း ဦးရဲ့အကြောင်းပဲ။

အခုတလော ဦးအရင်လိုမဟုတ်ပဲ ပြောင်းလဲနေတာ တော်တော်ကြာပြီ၊ တိတိကျကျပြောရမယ်ဆိုရင် ၂၈ နာရီနဲ့မှ ၃၁ မိနစ်နဲ့ ၇ စက္ကန့်ရှိပြီ။ အဲဒါအရမ်းကြာနေပြီမဟုတ်လား။

အဲဒီအချိန်တွေမှာ ရိပေါ်ရင်ထဲမှာ မီးတောင်တွေ တဖုန်းဖုန်းနဲ့ပေါက်ကွဲနေသလို ပူလောင်လွန်းတယ်ဆိုတာ ခင်ဗျားတို့ နားလည်နိုင်မယ်မထင်ဘူး။

“ဟေ့ကောင် ရိပေါ် ငါပြောနေတာ ကြားရဲ့လား”

“ဟမ် .. ဘာပြောလိုက်တာလဲ”

“မင်းအဖေက ရှေ့မှာငုတ်တုတ်ထိုင်ပြီးပြောနေတာတောင် မကြားရအောင် မင်းကဘာတွေစဉ်းစားနေလို့တုန်း”

“ငါတွေးနေတာရှိလို့ပါကွာ မင်းကလဲ”

“မင်းကိုငါကြည့်နေတာ ဒီတစ်မနက်လုံး ဖုန်းကိုကြည့်လိုက် သက်ပြင်းချလိုက် ဟိုငေးဒီငေးလုပ်လိုက်နဲ့ ဘာတွေဖြစ်နေတာလဲ ငါ့ကိုပြော”

“ဖန်ရှင်း .. ဦးပြောင်းလဲနေပြီထင်တယ်”

ကိစ္စတစ်ခုခုရှိလျှင် ပြေးတိုင်ပင်စရာရယ်လို့ ဖန်ရှင်းတစ်ယောက်တည်းသာရှိတော့တာမို့ ဖန်ရှင်းက နှစ်တစ်ထောင်FA ဆိုပေမယ့်လည်း သူ့ယောကျာ်းကိစ္စကို ထုတ်ပြောရတော့မှာပါပဲ။

“ဟေ ဘယ်လိုပြောင်းလဲနေလို့တုန်း”

“မင်းပဲစဉ်းစားကြည့်ကွာ။ အရင်တုန်းကဆို ဦးကမနက်ခင်းဆေးရုံမသွားခင် ငါ့ကို ၅ ခါတိတိနမ်းပြီးမှ ဆေးရုံသွားတယ်။ သူအိပ်ရာနိုးတာနဲ့ ငါ့ကို ကလေးလေးထတော့ဆိုပြီး ပါးကိုတစ်ခါ၊ နှုတ်ခမ်းလေးကို အူးမွှဆိုပြီး တစ်ခါနမ်းတယ်၊ ပြီးရင်ရေဝင်ချိုးတယ်၊ရေချိုးပြီးရင် တစ်ခါနမ်းတယ်။ နောက်အဝတ်အစားလဲပြီးရင် တစ်ခါနမ်းတယ်။ မနက်စာမစားခင် မနက်စာကောင်းကောင်းစားနော်ဆိုပြီး တစ်ခါနမ်းတယ်။ နောက်အလုပ်သွားခါနီး အာဘွား ပြွတ်စ်ဆိုပြီး နှုတ်ခမ်းလေးကိုနမ်းပြီးမှ အလုပ်ကိုသွားတယ်ကွာ”

It's good to be Me (Season2 of My Mom is a Fujoshi)Where stories live. Discover now