Part - 3

194 22 0
                                    

(Unicode)

"မေမေ..သမီးဒီသင်ခန်းစာကို လေ့ကျင့်ပြီး
သွားပြီ..သမီးတော်တယ်မလား..ဒီနေ့ အများ
ကြီး လေ့လာဖြစ်ခဲ့တယ်..ပြီးတော့ အဲ့တာတွေ
ကလည်း သမီးအတန်းထက်မြင့်တဲ့စာတွေ..ဟီး
..ပျော်လိုက်တာ..သမီး လိုက်နိုင်လို့.."

"ဒီလောက်နဲ့တော်တယ်လို့ ပြောလို့မရဘူး..
အကုန်လုံးကို နှစ်ခေါက်စီ ထပ်ရေးကျင့်အုန်း..
ပြီးတော့ နွေရာသီကျရင် တက်ရမဲ့သင်တန်း
တွေ သွားစီစဥ်လိုက်အုန်းမယ်..အော်..နင်
အပြင် ခိုးထွက်ဖို့ မစဥ်းစားနဲ့နော်..မဟုတ်ရင်
ငါ့အကြောင်းသိမယ်.."

"ဟုတ်ကဲ့..မေမေ.."

သူ့အမေ သူ့အခန်းထဲကထွက်သွားတော့မှ
သူအသံတိတ်ပြောပြီး ခေါင်းလေးငုံ့နေမိသည်။
သူပြန်လေ့ကျင့်ရမဲ့စာတွေက တစ်ပုဒ် နှစ်ပုဒ် မဟုတ်တော့ သံပြင်းသဲ့သဲ့ကလည်း ချမိသေး
၏။

"ဘာ...."

ဒေါ်ကျင်ရီတစ်ယောက် လက်ထဲမှကိုင်ထား
သောဖုန်း ပြုတ်ကျသွားသည်အထိ နေရာမှာ
တင် ကျောက်ရုပ်အသွင် အချိန်အကြာကြီးရပ်
နေမိသည်။

"ဘာဖြစ်တာလဲ..မေမေ"

"ညည်းအဖေ ဆုံးပြီ.."

အဖေ ဆုံးပြီ ...

"မေမေ ဘာတွေပြောနေတာလဲ.."

စိတ်မသက်သာစွာ ရယ်ပြီးပြောနေပေမဲ့ လရောင်ခြယ် သိသည်။ သူ့အမေဟာ ဟာသ
ပြောမည့်လူစားမဟုတ်။ ဒါပေမဲ့ ဟာသတစ်ခု
ဟူသော စကားပြန်သာ သူကြားချင်သည်။

"သူ့ရဲ့အချစ်စစ်ကြီးက ငြင်းလိုက်လို့..အသည်း
ကွဲပြီး သက်သေသွားသတဲ့.."

အမေ..ဒီလိုချိန်မှာတောင်..ရွဲ့ပြောနိုင်သေး
တယ်နော်..ဟာသတော့ ဟာသပါပဲ..မေမေ..
ဒါပေမဲ့ မရီရတဲ့ ဟာသတစ်ခု..

"မဖြစ်နိုင်တာတွေ.."

လရောင်ခြယ် ခံငြင်းနေမိသည်။ ဒါပေမဲ့
မျက်ရည်တွေကတော့ သူ့အမေ၏စကား
မှန်ကန်သည်ဟုသာ ပြောနေလေ၏။

"အစထဲက သေပြီလို့ သတ်မှတ်ထားပြီးသား လူတစ်ယောက်က အခုမှ သေသွားတယ်ဆိုရင်
တောင် ဘာမှအကျိုးထူးလာမှာမဟုတ်ဘူး.."

အမုန်းဖြင့် စီခြယ်သော(Uni+ZG) Место, где живут истории. Откройте их для себя