Perfect

474 82 13
                                    

"ရှောင်းကျန့်...ဒီစာရင်းတွေ မှားနေတယ်ထင်တယ်...."

ရှောင်းကျန့်က ယုန်သွားတွေ ပေါ်တဲ့အထိပြုံးလိုက်တယ်။တကယ့်ကို ရင်ထဲကလှိုက်လို့ ပြုံးလိုက်တာမျိုး....

"ကျွန်တော် ပြန်စစ်ကြည့်‌လိုက်ပါ့မယ် မန်နေဂျင်း...ဒါနဲ့ မန်နေဂျင်း ဒီနေ့ဝတ်လာတဲ့ နာရီအရောင်နဲ့ necktieအရောင်က matchဖြစ်တယ်နော်...ဆရာကတော်ရဲ့ fashionအမြင်ကတော့ တကယ်ချီးကျူးစရာ..အာ့ဒါကြောင့် ကျွန်တော်တို့ မန်နေဂျင်းက လူပျိုတွေရှုံးလောက်အောင်ဖြစ်နေတာပဲဖြစ်ရမယ်..."
"ဟား....မင်းကတော့ ပြောတတ်တယ်ကွာ...ဟုတ်မယ်...ငါ့မိန်းမက တကယ်တော်တယ်....တချို့ကိစ္စတွေဆို&&&$$...."

မန်နေဂျင်းရဲ့အခန်းတံခါးကို ဆွဲပိတ်လိုက်ရင်း ရှောင်းကျန့်လေပူကို မှုတ်ထုတ်လိုက်တယ်။ သိပ်စိတ်ပျက်ဖို့ကောင်းမှန်းသိပေမယ့် သူအဆူမခံရတော့ဘူးလေ။ ဒီစာရင်းကို အခါခါပြန်စစ်ထားပေမယ့် ဘယ်ကနေဘယ်လို သုညတစ်လုံးက ပိုသွားမှန်းသူမသိလိုက်ဘူး။ စိတ်အခန့်မသင့်ရင် သူစိုက်ရမယ့် ပမာဏဖြစ်သွားနိုင်တယ်။

ဒါပေမယ့်ရှောင်းကျန့်ပဲလေ။ သိပ်ကိုအရှောင်အတိမ်းတော်တာပေါ့။

ကုမ္ပဏီတစ်ခုလုံးက လူတော်တော်များများက သူ့ကိုသိပ်ချစ်ကြတာ။ ယုန်သွားလေးရယ် အရပ်အရှည်ကြီးရယ် မှဲ့နက်လေးရယ်နဲ့ပြည့်စုံလွန်းတဲ့ကောင်လေးက စကားပြောလည်း ပါးနပ်ပါသေးတယ်။ လူကြီး‌ေတွရဲ့အကြိုက်ကို သိတဲ့သူ့ကို လူကြီးတွေကလည်း မျက်နှာသာပေးတတ်တယ်။ လက်အောက်ငယ်သားတွေကိုလည်း အပြုံးချိုလေးနဲ့လှည့်ပတ်လို ခိုင်းတတ်ပြန်သေးတယ်။ ဒါပေမယ့် တစ်ခါတစ်လေတော့လည်း နေရာ ရဖို့ အောက်ခြေသိမ်းကအစလိုက်လုပ်ပေးဖို့လည်း သူကဝန်မလေးပြန်ဘူး။ ဘယ်သူမှမလုပ်ချင်တဲ့အရာကို သူကအားကြိုးမာန်တက်နဲ့ လုပ်ပြလို့နေရာရတဲ့အခါ မနာလိုသူတွေကလည်း ပေါမှပေါပါပဲ။

ဘယ်သူမှ မသိတဲ့ အမှန်တရားတစ်ခုက သူကမျက်နှာဖုံးနဲ့....
#######

မှတ်တိုင်မှာ Busစောင့်နေတဲ့ ရှောင်းကျန့်က တစ်ကိုယ်လုံးနုံးချိလို့။ အလုပ်လုပ်ရတာအာ့လောက်မပင်ပန်းပေမယ့် လူတွေရဲ့ မျက်နှာကို လိုက်ကြည့်ပြီး သူတို့အကြိုက်လိုက်နေပေးရတာ တကယ်ပင်ပန်းတယ်။ ဒါမကောင်းမှန်းသိပေမယ့် သူဒီလိုနေမှ လောကကြီးထဲ သူကောင်းကောင်းရှင်သန်နိုင်မှာ...

Perfection (One Shot)Where stories live. Discover now