ရှောင်းကျန့် သပ်ရပ်စွာပြင်ဆင်ဝတ်စားပြီး ဖုန်းscreenပေါ်မှ နာရီကို တစ်ချက်ကြည့်လိုက်သည်။
5:45pm
ကျောင်းသားဟောင်းတွေ့ဆုံပွဲက 5နာရီစမည်ပြောထားတာကြောင့် အခုချိန်သွားမည်ဆိုလျှင် အရမ်းလည်းမစော အရမ်းလည်း မနောက်ကျပဲ အတော်ပဲ ဖြစ်လိမ့်မည်။
တွေ့ဆုံပွဲက နာမည်ကြီး စားသောက်ဆိုင်တစ်ခုတွင်ကျင်းပသည်။ ရှောင်းကျန့်ရောက်တော့ လူတွေအားလုံးဆုံနေပြီး စားသောက်ပျော်ပါးနေကြပြီ။
"ဟာ...ကျန့်ကြီး မင်းလာမှ လာပါ့မလားလို့ကွာ"
"မင်းကွာ ... စိမ်းကားနိုင်လိုက်တာ။ ကျောင်းပြီးတာနဲ့ တန်းပြီး Londonထွက်သွားတော့တာပဲ"
"ငါတို့က မင်းကို သတိရနေတာ။ ဒါနဲ့ ဟိုကောင်လေးနဲ့ရော ... အဆက်အသွယ်ရသေးလား"
သူငယ်ချင်းများမှ နှုတ်ဆက်လာသည့် စကားများကို "ဒီလိုပါပဲ" ဟုသာပြန်ဖြေရင်း နောက်ဆုံး မေးခွန်းကိုတော့ ပြုံးလျက်သာ ခေါင်းခါပြလိုက်သည်။
မတွေ့ဖြစ်တော့ပါဘူး...အဆက်အသွယ်တွေလည်း မရတော့ပါဘူး။ တွေ့ဖြစ်တော့မယ်လည်း မထင်ပါဘူးလေ။
"မင်းဒီကို အပြီးပြန်လာတာလား"
"အေး။ မာမားလည်း ပြန်ခေါ်နေပြီ။ ပြီးတော့ ငါလည်း ဟိုမှာ ကြာနေပြီမလား။"
သူ ၂၄နှစ်ကတည်းက ထွက်သွားလိုက်တာ။ အခုသူ ၂၉နှစ်။ ၅နှစ်တောင်ကြာခဲ့ပြီမလား။
"ဘယ်လိုလည်း ဟိုမှာ အဆင်ပြေရဲ့လား"
"ပိုက်ဆံကတော့ ရပါတယ်။ ဒါပေမယ့် ဆေးရုံအလုပ်တွေက ပင်ပန်းတယ်။ နားချိန်မရှိလောက်ပဲ"
"မင်းကိုက မနားတာနေမှာပါ။ မင်းအကြောင်းသိပြီးသား။ အလုပ်ဂျပိုး"
"ဟားဟား"
အရင်က သူငယ်ချင်းတွေနဲ့ ပြန်တွေ့တာကြောင့် ရှောင်းကျန့် စကားလည်းပြောရင်း ဘီယာလည်း သောက်ရင်း လုပ်နေမိသည်။
"ဘယ်လဲ ဟေ့ကောင်"
စကားပြောနေရင်း ရှောင်းကျန့်က ထရပ်လိုက်သောကြောင့် ယွီပင်းမှ မေးလိုက်ခြင်း။
YOU ARE READING
Perfect [Completed]
FanfictionXiao Zhan x Wang Yibo (B-day present for my Love @ppdetenerif) Inspired from 'Perfect' by Ed Sheeran