[Zawgyi]
ကျန်းချန် နဲ့ အတူ
ရှောင်ကျန့် က ကောင်းကင် နန်းတော် ပြန်လာပြီး ဘယ်သူမှ မတွေ့အောင် ကိုယ်ဖျောက်ကာ သူ့ရဲ့ ပန်းနန်းတော် ကို တိတ်တိတ်လေး ပြန်လာခဲ့သည်။
ဒါပေမဲ့ နန်းဆောင်ထဲ ဝင်လိုက်ရုံနဲ့ ဒေါသသံနဲ့  ပြောလာတဲ့ သူငယ်ချင်းလေး ဒေါသအိုးလေးကို တန်းတွေ့တော့သည်။
" ငါ အတန်တန်ပြောတဲ့ကြားထဲ မင်း ကောင်းကင် နန်းတော် ကနေ ခိုးထွက်ပြန်ပြီ ရှောင်ကျန့် မင်းက ကလေးမှမဟုတ်ဘဲ ဘာလို့ ဆိုးချင်ရတာလဲ "
" ကျန်းချန် မင်းကလည်း ငါက ကောင်းကင် နန်းတော် အပြင်ကို ခဏ ပဲ သွားလည်တာလေးကို ငါပြန်လာပြီ စိတ်မဆိုးနဲ့တော့နော် "
ရှောင်ကျန့် က သူ့ကို မျက်တောင့်နီနဲ့ ပြာချမလို ကြည့်ပြီး ပြောလာတဲ့ သူ့သူငယ်ချင်း လေးကို ပေါ့ပါးစွာ ပြုံးပြရင်း ပြောလိုက်၏။ ကျန်းချန် သူက ကောင်းကင်နန်းတော် စစ်သူကြီး လေးပါးထဲက တစ်ပါး သူ့တန်ခိုးက မိုးကြိုး စွမ်းအား ဒေါသ ကလည်း မိုးကြိုး လိုမျိုး တစ်ခါတစ်ခါ ထွက်ရင် တဂျုန်းဂျုန်းတဂျိမ်းဂျိမ်း နဲ့ မင်းရဲ့ နားတွေကို အူစေတတ်တယ်။ ဒေါသ ထွက်နေချိန်ဆို ကောင်းကင်မင်းကြီးလား ဘာလားနားမလည်ဘဲ အော်ပြောလိုက်တာ တကယ်ကို အံ့မခန်းတဲ့ ဒေါသအိုးလေးပေါ့။ သူ့၏ ဒေါသသံ သာသာလေးကို ကြားရမှ ဟို နတ်ဆိုးလေး ဝမ်ရိပေါ် ရဲ့ ဒေါသထွက်စရာ စကားကို မေ့ပျောက်နိုင်တော့တယ်။ ဘယ်လောက်တောင် ချိုသာလိုက်တဲ့ ဒေါသသံလဲ ကြားရသမျှ နားဝင်ဆိုး စကားကိုတောင် မေ့စေနိုင်တာ။
" မျက်နှာ ကိုက ဘာတွေ တွေးနေလို့ တပြုံးပြုံးနဲ့ မင်း ငါ့စကားကို နားထောင်နေသေးလား "
သူ့အကြောင်းကို တွေးပြီး ပြုံးနေတာလို့ပြောရင် ဘာကိုဆက်ကြားရမလဲမသိချင်တော့ဘူး။
" ကျန်းချန် ကလည်း မင်းစကားဆို ငါက နားထောင်ပြီးသားလေ အလွတ်တောင်ရတယ် မယုံဘူးဆို ရွတ်ပြမယ်..." ခပ်ပြုံးပြုံးလေး နဲ့ ကျန်းချန် ကိုကြည့်ပြီး ရှောင်ကျန့် ပြောလိုက်၏။
YOU ARE READING
Fantasy[Zawgyi] ရိုးစင်းစွာ လှပလွန်းတဲ့ မင်းလေးကို ကျရှုံးပြီး ရှူးသွပ်စွာ ချစ်မိတာ ကိုယ့်အတွက် ဝမ်နည်းစရာမဟုတ်ပါ ကိုယ့်ရဲ့ နတ်သားလေး [Unicode] ရိုးစင်းစွာ လှပလွန်းတဲ့ မင်းလေးကို ကျရှုံးပြီး ရှူးသွပ်စွာ ချစ်မိတာ ကိုယ့်အတွက် ဝမ်နည်းစရာမဟုတ်ပါ ကိုယ့်...