25

15.5K 1.8K 515
                                    


Zawgyi

အဆောင်တွင် ရှောင်းကျန့်မရှိသောကြောင့် ဝမ်ရိပေါ် ဥယျာဉ်တော်ဆီသို့သာလိုက်လာခဲ့လိုက်သည်။
တံတားပေါ်တွင် လမ်းလျှောက်နေသောရှောင်းကျန့်ကိုမြင်တော့ ထိုအနားသို့သွားရန်လုပ်လိုက်သော်လည်း ရှောင်းကျန့်အခြေအနေကသိပ်မူမမှန်သောကြောင့် တံတားအောက်သို့သာအပြေးသွားလိုက်တော့သည်။
ထိုအချိန်မှာပဲ ရှောင်းကျန့်ကတံတားပေါ်မှပြုတ်ကျလာသည်။

"ကျန့်!!"

ဝမ်ရိပေါ် ရှောင်းကျန့်ကို ဖမ်းမိလိုက်သော်လည်း ပြုတ်ကျလာသည့်အရှိန်ကပြင်းသောကြောင့် နှစ်ယောက်လုံးလုံးထွေးကာပြစ်လဲကျသွားသည်။

"ကျန့် ကျန့်"

အောက်က ကျသည်မှာ ဝမ်ရိပေါ်ဖြစ်ပေမယ့် ရှောင်းကျန့်က သတိလစ်သွားသောကြောင့် ဝမ်ရိပေါ်သွေးနားထင်ဆောင့်တက်သွားသည်။

"ကျန့် ကျန့် ထပါဦး ကျန့်"

ဝမ်ရိပေါ် ချက်ချင်းထရပ်လိုက်ပြီးရှောင်းကျန့်ကိုကုန်းပိုးကာ အဆောင်သို့ပြေးတော့သည်။

"အခုချက်ချင်း သမားတော်သွားခေါ်လာခဲ့ မြန်မြန်"

ပြေးလာရသည့် လမ်းက ဝေးသောကြောင့် ဝမ်ရိပေါ်တစ်ကိုယ်လုံးချွေးများစို့ကာ မောဟိုက်နေသည်။

"ဘာလို့များ အန္တရာယ်ရှိတဲ့နေရာမှာသွားရပ်နေရတာလဲ ကျန့်ရာ
ခြေတွေလက်တွေများတစ်ခုခုထိခိုက်သွားရင် ကိုယ်ရင်ကျိုးရချည်ရဲ့"

ရှောင်းကျန့်ကို ကုတင်ပေါ်အသာအယာချရင်း လက်လေးကိုဆုပ်ကိုင်ကာ ဝမ်ရိပေါ်ကဆိုသည်။
မကြာခင်မှာပဲ ကိုယ်ရံတော်ချန်းနှင့်အတူတော်ဝင်သမားတော်က ရောက်လာသောကြောင့် ဝမ်ရိပေါ်ထိုနားမှဖယ်ပေးလိုက်သည်။

အတန်ကြာစစ်ဆေးမှုပြုလုပ်ပြီးနောက်မှာ သမားတော်ကဝမ်ရိပေါ်ဖက်သို့လှည့်ကာအရိုအသေပေးလာသည်။

"လူနာက လန့်သွားတာပါ
ဒီအချိန်မှာဒီလိုတွေကဖြစ်တတ်ပါတယ်
ကံကောင်းလို့ ကလေးကတော့ဘာမှကြီးကြီးမားမားမထိခိုက်သွားပါဘူး"

Heaven or Hell(COMPLETED)Where stories live. Discover now