Seasonal Tales (Sequel)

1.7K 85 9
                                    

ခြေဖျားလေး, တွေကို ရေစပ်, မှာ နှစ်ချလိုက်တယ် ~

ဝန်းပြည့်တင်းဖောင်း, နေသည့် ခြေဖဝါး, တို့ က
ချောမွတ်ညီညာသော သဲပြင်, ကို ထိတွေ့ မိလိုက်သည်။

ဝတ်ရုံဖျား, လေး က ရေထဲမှာ ဝဲခနဲ၊ ပုံခနဲ,
ဖြာကျသွားသည်။

ရေ, က ခြေမျက်စိ, လေးတွေပင် မမြုပ်နိုင်အောင်
ပါးလွှာ, နေသေးသည်။

မိုး, စ ကလေး တွေ က နှာတံ, စင်း ထက်မှာ
စီးကျနေပြီး ဝတ်ရုံ, ဖြူလေး တွင် ဟိုတစ်ကွက်၊
သည်တစ်ကွက် စွန်းထင်းနေ၏။

ရေ, လည် မရောက်တရောက်, တွင် တည်ထားသော
နဂါး, လှေသဏ္ဍာန် နားနေဆောင်, ကလေး မှ
မျက်ဝန်းတစ်စုံ, သည် ဤအလှတရား, ကို
ဂရုစိုက်, ထိန်းကွပ်နေသည်။

ရေနက်ရာဆီ, ခြေမလှမ်းမိစေရန် ~

သတိလက်, ကင်းစွာ မ, နေထိုင်မိစေရန် ~

ဖိနပ်, ကလေး ပြန်ဝတ်ပြီး မိုးမခ, ပင်တွေနား, ကို
ဝမ့်ကျီး လျှောက်သွားသည်။

အနည်းငယ်, စိုသွားသော ဝတ်ရုံအနားစ, တို့ ကို
လက်ဖြင့်, ပင့်တင်ထားပြီး တိမ်ညိုညို, တစ်စု ဆီ
လည်တိုင်ကလေး, မ, ကာ ကြည့်လိုက်မိ၏။

"သခင်လေး, ထီး, ဝယ်ထားတာ သင့်တော်မယ်နော်"

သာသာ, ယဲ့ယဲ့ မိန်းကလေး, သံ တစ်ခု ကြောင့်
ဝမ့်ကျီး, က နောက်ဘက်ဆီ ပြန်လှည့်ကြည့်လိုက်ရ၏။

"အာ...၊ ကျွန်တော် အဆင်ပြေပါတယ်၊ အစ်မကြီး,
သက်သာသလို, နေပါ"

သက္ကတအရှင်! ကူညီပါ ဟု ဆုတောင်းရလေမလား ~

ဤအမျိုးသမီး, သည် မိမိ, ကို မ, မှတ်မိခြင်းကြောင့်
အနည်းငယ်, စိတ်သက်သာ,ရ၏။

"ဟုတ်ကဲ့ပါ၊ ဒီနားမှာ ကြာကြာနေလို့ သခင်လေး, အတွက်
အဆင်မပြေလောက်ဘူးနော်၊ မိုးရွာလာရင် ရေကန်မှာ
အန္တရာယ်, များတယ်"

ပင်ကိုယ်, အပြုံးစစ, ကို ကြင်ယာတော်လေး, က
မဖုံးဖိလိုက်နိုင်။

"အစ်မကြီး, ပြောတာ အထူးအဆန်း, ပါလား၊
သတိပေး, လို့ ကျေးဇူးတင်ပါတယ်"

"သခင်လေး, အားမနာပါနဲ့၊ ကျန်းနန်သား, မဟုတ်သလို
ထင်ရလို့ ပြောတာပါ၊ ကျွန်မ, က ကျန်းကတော်, ပါ"

Legend Of Love Where stories live. Discover now