Heavenly Lil' Things

1.1K 75 16
                                    

နို့ နှစ်ရောင် ပုလဲလုံးလေးများ ကို ညီတန်းစွာ သွယ်ကာ
ကာရံထားသည်၏ ဟိုမှာဘက်တွင် အရှင့်, ကို ဝမ့်ကျီး
ရှာတွေ့ လိမ့်မည်။

ခုံ, အနည်းငယ် မြင့်သော ဖိနပ်လေး, ကြောင့်
လုံခြုံငြိမ်သက်လေ့ရှိခဲ့သော ကြင်ယာတော်လေး ၏
ခြေလှမ်းသံ က စည်းချက်, ခပ်တိုးတိုး ကို
ဖြည်းဖြည်း, လိုက်နေလျက်။

"ကိုကို..."

အခွင့်, ကို တောင်းပြီးမှသာ ပုလဲစီ, အကာအရံ ကို
ဝမ့်ကျီး ဖယ်ပါမည်လေ။

သို့ ရာတွင် နှလုံး, နာခံချင်စဖွယ် အသံ က အတွင်းမှ
တုန့် ပြန်မလာ။

အသံ, ကို မြှင့်, သည် ဆိုရုံ မြှင့်ပြီး ဒုတိယ, အကြိမ်
အခွင့်, ကို တောင်းလိုက်၏။

"ကိုကို...လေးငယ်, ရယ်ပါ"

ပုလဲနှစ်တို့ ဆီးတားရာ, နေရာ မှာ တိတ်ဆိတ်နေဆဲ။

ကြင်ယာတော် အရှင် ၏ သန့် စင်ဝင်းမွတ်သော
လက်ချောင်းသွယ်, တို့ သည် ပုလဲ, ခန်းဆီး ကို
အသာ, တွန်းတိုက်ဖယ်ရှားလိုက်တော့၏။

စိုးထိတ်ရခက်, ပြုံးရယ်ရခက် ဖြင့် ဝမ့်ကျီး,
ရပ်တန့် သွားသည်။

"ကိုကို..."

လက်ကောက်ဝတ်, တနေရာ မှ သည် ခုန်နေသောရင်, ၏
ရင်းရင်းနင့်နင့်, မြတ်နိုးမှု အဟုန် ကို လှိုက်ကာ, လှိုက်ကာ
ခံစားနေရသည်။

သက္ကတအရှင်...! အချိန်ကာလ, ၏ လည်ပတ်ခြင်း
ကို အခိုက်အတန့် အနားပေးတော်မူပါ!

အမှတ်မဲ့စွာ ဖွင့်ဟ, လိုက်မိသော ခေါ်သံညှင်း သည်
သူ နိုးစေဖို့ မရည်ရွယ်ကြောင်း ဝမ့်ကျီး သစ္စာရည်ဝံ့ပါ၏။

စာအုပ်, မထူမပါးလေး တအုပ် ကို လက်ထဲမှာ
ကိုင်ထားပါသေးသည်။

ထို စာအုပ်ငယ်လေး လွတ်မကျခဲ့ခြင်း ကိုတော့ ဝမ့်ကျီး
အံ့ဩမိသည်။

မျက်ခွံ တို့ က စေ့စေ့ ပိတ်နေလျက် ~ နှုတ်ခမ်းပါးလေး
သည်လည်း တင်းတင်းစေ့ နေလျက် ~

လက်တဖက်, သည် ကျောက်စိမ်းသလွန်, ကို
အမှီထားလျက် ~

ိထို လူသား ၏ အိပ်စက်ခြင်း သည် ရိုးရှင်းစွာ
အပြစ်မထင်ရက်လေခြင်း ~

Legend Of Love Where stories live. Discover now