စီအီးအိုက အိုစီစီဖြစ်နေပြီ

3.6K 376 18
                                    

လူတော်တော်များများက ကြာပန်းဖြူတွေကို စိတ်ပျက်ကြပေမယ့် လင်းမုအတွက်တော့ ဘာမှထူးထူးခြားခြားမခံစားရပါဘူး။
အဲ့လိုကိစ္စတွေမှာ(ကြာပန်းဖြူဇာတ်လမ်းတွေမှာ) သူကိုယ်တိုင်မပါ၀င်တဲ့အတွက်သူက များသောအားဖြင့် စိတ်လဲမ၀င်စားလှဘူး။
ဒါပေမယ့် တစ်နေ့မှာတော့ သူဟာ လက်အောက်ငယ်သားတစ်ယောက် ရလာခဲ့သည်။
အဲ့ဒီ‌ရှောင်ပိုင်နဲ့ အဆက်အဆံလုပ်ပြီးတဲ့အခါမှာ အဲ့ဒီတစ်ယောက်က ဒဏ္ဍာရီလာကြာပန်းဖြူဖြစ်ရမယ်လို့ လင်းမုစိတ်ထဲ နားလည်သွားပါတော့သည်။

ဒီနေ့တော့ ကျွန်တော်တို့ရဲ့ သူငယ်ချင်းကြီးရှောင်ပိုင်ဟာ အလုပ်နောက်ကျတဲ့အပြင် လင်းမုကိုတောင် ၀င်တိုက်ပစ်လိုက်သေးသည်။

တစ်ယောက်ယောက်လောက် တွေးကြည့်ကြစမ်းပါဦး။
တကယ်လို့ တစ်ယောက်ယောက်က နောက်ကျတဲ့အပြင် သူတို့ရဲ့ သူဌေးကိုပါ ၀င်တိုက်လိုက်သေးတယ်ဆိုတော့ ဘာများဖြစ်သွားနိုင်လဲ?

လင်းမုကို အံ့ဩသွားစေ‌တာကတော့ သူ့ကို၀င်တိုက်လို့ ဘာမှတောင် မပြောနိုင်သေးခင်မှာပဲ ရှောင်ပိုင့်ကို ကူညီဖို့ လူတစ်အုပ်တမကြီးက ရှိနှင့်ပြီးသားဖြစ်နေတာပါပဲ။

" ဒါရိုက်တာ! အဆင်ပြေရဲ့လား? ရှောင်ပိုင် ဒီနားမှာရှုပ်မနေပဲ အလုပ်သွားလုပ်စမ်း!"

ဒီတစ်ယောက်ကတော့ သူ့ကို သွယ်ဝိုက်ပြီး ကူညီလိုက်တာပါလား..။

" ဒါရိုက်တာ XXက ဒါရိုက်တာကို မေးနေလို့ "

ဒီတစ်ယောက်ကတော့ ခေါင်းသိပ်မကောင်းဘူး..။ (ကြောင်တောင်တောင်အကြောင်းပြချက်နဲ့မို့)

ဒါပေမယ့် ဒါပြီးရင်တော့ တစ်ယောက်ယောက်ကတော့ ဒီအကြောင်းကို ရှင်းပြနိုင်မှာပါ။

" ရှောင်ပိုင် နင်ဖျားနေတာမဟုတ်ဘူးလား ဘာလို့ဒီမှာရှိနေတာလဲ? "

ဒီတစ်ယောက်ကတော့ ရှောင်ပိုင်ကို ကူညီဖို့ လှည့်ကွက်တောင် သုံးလိုက်သေးသည်..။

" အားလုံးပဲ ကိုယ့်အလုပ်ကိုယ်ပြန်လုပ်ကြပါ! "

ငါ့ဘေးမှာရပ်နေတဲ့ တစ်ယောက်က CEOပါနော်!

စီအိုးအိုက အိုအိုစီဖြစ်နေပြီ (one shot Translation)Where stories live. Discover now