old story

84 11 0
                                    

'တစ်ခါပြန်ပြီးစတင်ဖို့ကြောက်နေမိလို့ ဒီတစ်ခါတော့မကျရှုံးပါရစေနဲ့ Joon '

မိုးကမနက်တည်းကရွာနေတာအခုထိမတိတ်နိုင်သေး အခန်းထဲကပြတင်းပေါက်လေးကိုဖွင့်ရင်း မိုးစက်လေးတွေကိုငေးကြည့်နေမိသည်
လက်ထဲက diary စာအုပ်လေးကိုပြန်ဖတ်ကြည့်ဖို့အချိန်ကောင်းပဲထင်တယ်

မိုးရွာတော့အဆက်ဟောင်းကိုလွမ်းမိပါသည် အဆက်ဟောင်းလို့သာပြောရတာ သူကတော့ကိုယ့်ကိုစိတ်ထဲတောင်ရှိရဲ့လားမသေချာတဲ့ကိစ္စ

အဟက်.. ရီရတယ်မလား ကိုယ့်ကိုမှတ်မိရဲ့လားတောင်မသိတဲ့သူကို လွမ်းနေမိတာ ချစ်လားဆိုတော့ ရင်ထဲနင့်အောင်ချစ်ပါသည် ဒါပေမယ့် ဆဖာ်ပြမှာတော့မဟုတ်ဘူး ဒါကျွန်တော့်ပုံစံမို့ ဘယ်နေရာ ဘယ်အချိန်ကိုရောက်ရောက် Joon ကိုချစ်တာမပြောင်းလဲတာတော့ သေချာပါသည်

လွန်ခဲ့တဲ့ငါးနှစ် ....

ပြန်တွေးတိုင်းလည်းရင်ခုန်စရာကောင်းနေတုန်း ဇာတ်လမ်းလေးရဲ့အစလို့ပဲပြောရမလား
အဲ့နေ့က.....

ကျောင်းဖွင့်စမို့ တက္ကသိုလ်ကျောင်းဝင်းကြီးက ကျောင်းသားတွေနဲ့အသက်ဝင်လှပါသည် ကျောင်းရဲ့ပထမဆုံးနေ့မို့ ကျောင်းသားအားလုံးပြုံးနေမှာတစ်ရာရာခိုင်နှုန်းအသေအချာ ပြုံးနေတဲ့လူတွေထဲ ဆော့ဂျင်နီးလေးမပါ ဘယ်ပါမလဲ ကျောင်းဝမှာဖိနပ်ပြတ်သွားတာကိုး
ကျောင်းထဲကလူတွေကတော့ ကိုယ့်ကိုအထူးအဆန်းလိုကြည့်နေလည်းဂရုမစိုက်နိုင် ခြေထောက်ကသေအောင်နာနေတာပဲသိတော့တာတော့တစ်ကယ်ပါ
"ဟို ကျွန်တော့်ဖိနပ်ကိုယူမလား "
"ဗျာ"
အရပ်ရှည်ရှည် ပါးချိုင့်နဲ့ကောင်လေးက ပြုံးရင်းမေးလာတာမို့ ကျေးဇူးတင်စွာပဲလက်ခံသင့်တယ်မလား
အဟဲ

"ကျေးဇူးပါ ဟို "
"အာ..  ကျွန်တော့်နာမည် Kim NamJoon ပါ သချာ်ပထမနှစ်ကပါ"
"ဟုတ် ကျေးဇူးတင်ပါတယ် နောက်မှမုန့်ဝယ်ကျွေးပါ့မယ်"
ထွက်သွားတဲ့ကောင်လေးနောက် ပါသွားတဲ့နှလုံးသားက အခုလိုငါးနှစ်ကျော်ကြာတာတောင် မတည်ငြိမ်နိုင်သေးပါ

Red❤Where stories live. Discover now