He or They

13 6 0
                                    

'Ting Ting Ting'
"အစ်ကို"
"အေး နမ်ဂျွန်း "
ကျောင်းပိတ်ရက်မို့ဂိမ်းဆော့နေတုန်း ဖုန်းခေါ်လာတဲ့နမ်ဂျွန်းကြောင့် ဒေါသထွက်တာတော့အမှန်
"ဟို ကျွန်တော်တို့ဒီနေ့တွေ့လို့ရမလား "
"ရတယ်လေ ဒါနဲ့ ဘာလို့တွေ့ချင်တာလဲ"
"ကျွန်တော့်မှာအစ်ကိုရှိတာသိတယ်မလား"
"အေး သိတယ်လေ"
"အဲ့တာ hyung နဲ့မိတ်ဆက်ပေးချင်တာရယ် ပြောချင်တာလည်းရှိလို့"
"အင်း အင်း ဘယ်မှာတွေ့မလဲ "
"Spring cafe ကိုပဲလာခဲ့ ပါလား "
"အိုခေ အိုခေ "
"အခုနော်"
"အေးပါ"
ဖုန်းကိုပိတ်ပြီးအဝတ်ထလဲပြီးတော့ ဆယ့်ငါးမိနစ်လောက်တော့ရှိပြီထင် ဘာဖြစ်ဖြစ် သူချိန်းတာပဲ သူစောင့်ပေါ့

RED❤

"လာ အစ်ကို"
သူချိန်းတဲ့ Spring ဆိုတဲ့ဆိုင်လေးက တစ်ကယ့်ကိုမျက်စိအေးစရာလေး ဆိုင်အပြင်ဆင်ကတော်တော်လှသလို စားစရာလည်းစုံတော့ အဟဲ ကင်ဆော့ဂျင်တို့အကြိုက်ပေါ့
"မင်း hyung ရော"
"ဟိုမှာ..  အယ် hyung ကအပြင်ကိုဖုန်းသွားပြောနေတယ်"
"အင်း အင်း "
"ဘာမှာမလဲခင်ဗျ"
waiter လေးပေးတဲ့ menu ကိုကြည့်ရင်းငါးမိနစ်လောက်သေချာဆုံးဖြတ်ပြီးမှ
"အင်း Bubble tea တစ်ခွက်ရယ် mango cake ရယ်ပေးပါ"
"ဟုတ်ကဲ့ "
"ဒါနဲ့နမ်ဂျွန်း မင်းနဲ့မင်းအစ်ကိုကအသက်ဘယ်လောက်ကွာတာလဲ "
"နှစ်နှစ်ကွာတာအစ်ကိုရဲ့ hyung ကတတိယနှစ် "
"အော်"
"hyung နဲ့ကျွန်တော်ကရုပ်ချင်းတူတယ် အကျင့်ကကျတော့တစ်စက်လေးမှမတူဘူး hyung ကစာတော်ပေမယ့် အရမ်းဆိုးတာ ရန်လည်းခနခနဖြစ်တယ် "
"ဒါနဲ့ ငါ့ကိုဘာလို့ပြောပြနေတာတုန်း"
"အစ်ကိုခနနေရင်သိမှာပေါ့ဗျာ"
"မှာထားတာရပါပြီ"
မှာထားတာရောက်လာတာမို့ စားနေလိုက်ရင်းစကားပြောနေတာ ဆယ်မိနစ်လောက်ကြာနေပြီ ဟိုလူကဖုန်းပြောလို့မပြီးနိုင်သေးဘူးလား
"ဆောရီး ဟိုကောင်တွေရစ်နေလို့"
အသံကြားလို့မော့ကြည့်လိုက်တော့
"အဟွတ် အဟွတ်"
"အစ်ကို ဖြေးဖြေးသောက်လေဗျာ "
"မင်း အဟွတ် မင်းကဘယ်လိုလုပ်နှစ်ယောက်ဖြစ်နေ ..."
မဟုတ်မှလွဲ သူကသရဲများလား????

Red❤Where stories live. Discover now