Unicode

1.2K 120 11
                                    

"Merry Christmas!!"‌
ဆောင်းလေပြေအေးနဲ့အတူ ခရစ်စမတ်သီချင်းသံ မြူးမြူးကြွကြွက ညချမ်းအချိန်အခါမှာ ဝန်းကျင်အနှံ့ အသာအယာ လွင့်ပျံလို့နေတယ်။

မကြာခင် ကျရောက်တော့မယ့် ခရစ်စမတ်ပွဲတော်ကို ကြိုဆိုသောအားဖြင့် မီးသီးလေးတွေချိတ်ဆွဲလို့ အလှဆင်ထားတဲ့ သစ်ပင်ကြီးတွေ၊ အဆောက်အဦးတွေနဲ့၊ Church ကျောင်းတွေကို မြို့အနှံ့တွေ့မြင်နိုင်တယ်။

ဒါတွေဟာ နှစ်စဉ်နှစ်တိုင်း မြင်နေကျ မြင်ကွင်းတွေပါပဲ။
ခရစ်စမတ်နားနီးလာလေ မိသားစုအစုံအလင်နဲ့ သိပ်ပျော်ဖို့ကောင်းတဲ့ မြင်ကွင်းတွေ တဖြည်းဖြည်း စိပ်သထက်စိပ်လာလေ။

မြို့ထဲအနှံ့ လျှောက်လည်ကြတဲ့ ကလေး၊လူကြီး မိသားစုတွေ၊ ‌ချမ်းအေးတဲ့ နှင်းမှုန်တွေကြားထဲ ချစ်ရသူရဲ့ လက်ကိုဆုပ်ကိုင်လို့ ချစ်ခြင်းနဲ့နွေးထွေးနေကြတဲ့ ချစ်သူစုံတွဲလေးတွေ။

ထိုသူတွေအပြင် ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ရာသီဥတုမှာ ကျဆင်းနေတဲ့ နှင်းစက်တွေကို အံ့တုရင်း လောကကြီးကို ပျက်ရယ်ပြုနေသယောင် Church ကျောင်းအိုရှေ့က ခုံတန်းဖြူကလေးမှာ တစ်ကိုယ်တည်းထိုင်နေတဲ့ ကောင်လေးကိုလည်း နှင်းတွေကြားမှာ မြင်နိုင်တယ်။

နှင်းတွေကျတဲ့ ခရစ်စမတ်အချိန်နီးလာတိုင်း ဒီခုံလေးမှာ နေပူလည်းမပြန်၊ နှင်းတွေကျလာလည်းမထပဲ ထိုင်နေတတ်တဲ့ ကောင်လေးကို နှစ်အတော်ကြာ မြင်ရပါများပြီဖြစ်တဲ့ အဘွားလီလီက စောင်ထူထူတစ်ထည်သာ ထွက်ခြုံပေးလိုက်တယ်။

စိတ်ပိုင်းဆိုင်ရာ အေးခဲမှုတွေ မလျော့စေနိုင်ရင်တောင် ကောင်လေးကိုယ်တော့ အနည်းငယ်နွေးလောက်ပါရဲ့။

မိသားစု၊ သား၊ မြေး မရှိ၊ Church ကျောင်းအိုကြီးရဲ့ ဘေးနားက တစ်ထပ်အိမ်က‌လေးမှာ နေတဲ့သူမလို အသက် ၈၇ နှစ်အရွယ်အမယ်အို တစ်ယောက်အနေနဲ့ တုန်ချိချိလက်ကလေးတွေနဲ့ တစ်နှစ်ပတ်လုံး ရက်လုပ်နေတဲ့ ခြုံစောင်တွေဟာ မြေးတစ်ယောက်လို ခံစားရတဲ့ ထိုကောင်လေး အတွက်သာဖြစ်တယ်။

လူတွေနဲ့စကားပြောချင်ပုံ မရတဲ့ ကောင်လေးက သူမစောင်ခြုံပေးတာကိုတော့ တရိုတသေနဲ့ ခေါင်းလေးငုံ့ရင်း ခံယူတတ်တဲ့အပြင် ကျေးဇူးတင်တဲ့အနေနဲ့ အပြုံးတစ်ပွင့် လက်ဆောင်ပြန်ပေးတတ်သေးတယ်။

Us : The Eternity(OneShot)Where stories live. Discover now