My ID Is Nanny Boy (❤❤)

411 30 0
                                    

Zawgyi....

မနက်ဆို စောစောနိုးတတ်တဲ့ အကျင့်ရှိသူလေးက ၄နာရီထဲကပင် နိုးလို့နေတာပေါ့ ပြတင်းပေါက်ကနေ ပီကျိ ပီကျိ လို့ အော်နေတဲ့ ငှက်လေးတွေကိုလည်း ရန်တွေ့လိုက်သေးတယ်

"ဟိတ် ဆူညံဆူညံလုပ်မနေနဲ့ ငါ့ကျန့် အိပ်နေတယ်လေ ငှက်လိုနားလည်မှာပေါ့ နားမလည်ရင် ဆွဲလှည့်ပေးမယ်''

🐦ပီကျိကျိ ပီကျိကျိ

"မင်းက ငါ့ကိုပြန်ပြောနေတာလား သေချင်လို့လား ဟမ်''

"အင်း ရိလေး နိုးနေတာလား အစောကြီးပဲ ရှိသေးတယ်လေ''

"အင်း ဟုတ်တယ် ရိလေးက အစောကြီးထနေကြမို့ပါ
ကျန့်အိပ်ချင်ရင် ပြန်အိပ်အုံးလေ''

"ရိလေး မအိပ်ရင် ကောလည်း မအိပ်တော့ပါဘူး ထကြမယ်လေ''

"အိပ်လို မဝသေးရင် မထနဲ့အုံးလေ ခေါင်းမကြည်ပဲနေအုံးမယ် ကျန့်ရဲ့''

"အင်း နည်းနည်းတော့ မဝသေးဘူး အ့ဆို ခနပြန်အိပ်လိုက်အုံးမယ် ကောကို၆နာရီ ကျရင် နိုးနော် ရိလေး''

"ဟုတ် ကျန့် စိတ်ချလက်ချအိပ်နော် ရိလေးက ကျန့်ကို ယင်တောင်မနားအောင် ကြည့်ပေးမှာ... ''

"ဟား ဟား ရိလေး လုပ်တာ အိပ်ချင်တောင်ပြေသွားသလိုပဲ တော်ပီး မအိပ်တော့ဘူး ထတော့မယ်''

"ဒါဆို မျက်နှာတူတူသွားသစ်မယ်လေ နေ့လည်ကျမှ တူတူထပ်အိပ်ကြမယ်နော်''

"အွန်း အ့တာလည်းကောင်းတာပဲ လာ သွားသစ်မယ်''

ရိလေးကို ထိန်းရတာ ကိုယ်ပါ ကလေးဘဝကိုပြန်ရောက် သွားသလို ခံစားရတယ် ရိလေး မင်း ကောကိုယုံလိုက်ပါ
ကောမင်းနေပြန်ကောင်းလာအောင်စောင့်ရှောက်ပေးမယ်။

"ကျန့် ဘာတွေ စဉ်းစား​နေတာလဲးဒီမှာကျန့်အတွက် သွားတိုက်တံလေး​တွေ ကြိုက်တဲ့အ​ရောင်​ရွေး​နော် ရိလေးက အစိမ်းရောင်ကြိုက်တာ ကျန့်ကရော  ကျန့်ရောဘာအရောင်ကြိုက်လဲ။''

"ကောက အနီရောင်ကြိုက်တယ် အနီရောင်က ရဲရင့်ခြင်းကို ကိုယ်စားပြုတယ်လေ ကောက ရဲရဲရင့်ရင့်နေချင်တာ ရိလေးနဲ့က အစိမ်းရောင်လေးက ကွက်တိပဲ အစိမ်းရောင်ဆိုတာ အေးချမ်းခြင်းကို ဖော်ညွှန်းတယ်....''

My ID Is Nanny Boy (or) အချစ်မှာ Expire မရှိ။Where stories live. Discover now