Zawgyi
"ဂျောင်ကု"
"ဟင် ထယ်~~"
မတွေ့ဖြစ်တဲ့ ရက်အတောအတွင်းမှာ
သိသိသာသာ ပိန်သွားသည့် ထယ်က
အခုလည်း ကျွန်တော့်ကိုကြည့်တဲ့အကြည့်တွေမှာ
နွမ်းလျလျပင်။မထင်မှတ်ထားတဲ့ တွေ့ဆုံမှုကြောင့်မို့
အနေခက်စွာ မျက်နှာလွဲထားမိတော့
တစ်မျိုးတစ်မည်ထင်သွားသည့် ထယ်က
စကားထပ်မဆိုလာတော့သလို
ခြေလှမ်းတွေလည်း ရပ်တန့်လိုက်သည်။လူ့အလိုနတ်မလိုက်နိုင်တဲ့ စိတ်တွေက ဝင်လာပြန်တော့
အလိုလို ဝမ်းနည်မိပြန်သည်။တစ်ချက်ချင်း ခပ်မှန်မှန် ရွေ့လျားနေတဲ့
အရှိန် ရာကျော်လောက်မှာ..."ပင်ပန်းလာတယ်မလား ဝင်နားတော့လေ"
ဆားပေါက်နေတဲ့ ဓာတ်ခဲနဲ့ ဖွင့်ထားသည့်
ရေဒီယိုက ထွက်လာတဲ့ အသံပမာ...ဖတ်ခနဲ မော့ကြည့်မိတော့
ဆုံမိသွားတဲ့ ထယ့်အကြည့်တွေမှာ
လှိုက်ဖိုသွားရတဲ့ ရင်က
စိတ်လှုပ်ရှားရခြင်းမျိုးတော့ မဟုတ်ဘူး။ဝေ့သီတက်လာသည့် မျက်ရည်တွေကို
ပုတ်ခတ်ပြီး အဆင်ပြေပြေ
ထယ့်အနားဖြတ်လျှောက်သွားနိုင်ဖို့
ဖြစ်နိုင်ပါ့မလား...။ခြေလှမ်းတိုင်းက စိန်ခေါ်မှု အပြည့်နဲ့...
ကျွန်တော် အဲ့လောက် ဟန်ဆောင်ကောင်းလိမ့်မယ်လို့
ကိုယ့်ကိုယ်ကိုယ်တောင် မထင်မိခဲ့တာ အမှန်။ကျောခိုင်းအနေထားရောက်တဲ့တော့
သဲ့သဲ့ ကြားလိုက်ရတဲ့ ရှိုက်သံက
ကျွန်တော့်ဆီကလား...
ထယ့် ဆီကလား...တစ်စုံတစ်ရာ ဆိုလေမလားလို့
စွင့်ထားမိတဲ့ နားနဲ့
ခပ်မြန်မြန် လျှောက်နေမိတဲ့ ခြေထောက်တွေက
သဘောထားခြင်း ကွဲလွဲနေလျက်...။အံကြိတ်အားတင်းထားခဲ့သမျှက
ဖွင့်ဝင်လိုက်သည့် အခန်းတံခါးကို ပြန်ပိတ်ပြီး
မှီလျှက်သား ခွေကျသွားတဲ့ ခြေထောက်တွေနဲ့
မငိုပါပဲ ကျနေသည့် မျက်ရည်တွေရယ်...။ကျွန်တော် အဆင်မပြေရင်တောင်
ထယ် အဆင်ပြေလိမ့်မယ်လို့ ထင်နေခဲ့တာ...