_ 2 _ ( Unicode)

918 69 1
                                    

💜 Nan Hai 💜( Season-2 )

🌹 2 🌹
............

တီ...တီ...တီ.....

ဖုန်းဝင်နေပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိတဲ့ဖုန်း callတစ်ခု ။ သုံးကြိမ်မြောက်ခေါ််ဆိုမှုအဆုံးမှာ ပြန်ဖြေသူမဲ့တဲ့ဖုန်းကိုလွတ်ချလို့ သူ့ရဲ့ခြေလှမ်းတွေကလသာဆောင်ဘက်ဆီ ။

ဒီနေ့လည်း ကောင်လေးကကိုယ့်ရဲ့ဖုန်းကိုမကိုင်ခဲ့ပြန်ဘူး !

ကောင်လေးရဲ့ဖုန်းကိုဆက်သွယ်မရတာ ဒီနေ့နဲ့ဆိုတစ်ပတ်ပြည့်ပြီ  ။ အလုပ်မအားလို့နေမှာပါလေ ဆိုတဲ့အတွေးလေးနဲ့ကိုယ့်ကိုကိုယ်ဖြေသိမ့်နေရတာ ကိုယ့်ရင်တွေပူလောင်နေပြီ ။

တစ်လနဲ့ နှစ်ဆယ့်ငါးရက်ရှိပြီကောင်လေး ။ တစ်လဘဲ့ကြာမှာပါလို့ပြောခဲ့ပေမဲ့ ဘာလို့နှစ်ဆယ့်ငါးရက်တောင်ဆက်ပြီးကိုယ့်ကိုစောင့်ခိုင်းနေရတာလဲ ကောင်လေးရယ် ။

ကျေးဇူးပြု ပြီး...

ကိုယ့်ဆီကိုပြန်လာခဲ့ပေးမယ်မလား ။ ထားခဲ့တဲ့နေရာလေးမှာဘဲ့စောင့်နေတာမို့လို့ ကျေးဇူးပြု ပြီးကိုယ့်ဆီကို ပြန်လာခဲ့ပေးပါ ။

_______________________________________

" ဒီနေ့လည်း မစားပြန်ဘူးလား "

" ဟုတ်ကဲ့.....သခင်လေးကမစားချင်ဘူးလို့ပြောပါတယ် "

ရှောင်းကျန်အခန်းထဲ့ကနေ အိမ်တော်ထိန်းပြန်သယ်ထုတ်လာတဲ့ ဘာတစ်ခုမှအရာမယွင်းသေးတဲ့ထမင်းပန်းကန်တွေကိုကြည့်လို့ ယွီပင်းသက်ပြင်းချမိတယ် ။

" ရပြီ...ဒါတွေအားလုံးပြန်သယ်သွားလိုက်တော့ "

" ဟုတ်ကဲ့ "

အိမ်တော်ထိန်းကြီးထွက်သွားမှ ရှောင်းကျန်အခန်းထဲ့ကိုဝင်လိုက်ရင်း လိုက်ရှာမိတော့ လသာဆောင်မှာအနွေးထည်မပါဘဲ့ တီရှပ်အဖြူ ပါးလေးသာဝတ်ထားတဲ့ရှောင်းကျန်က လမင်းကြီးကိုမျှော်ကြည့်လို့ ။

" ရှောင်းကျန် အပြင်မှာအေးတယ်လေ! ဝမ်ရိပေါ်ပြန်လာလို့မင်းသာနေမကောင်းဖြစ်နေရင် ဒီကောင်ငါ့ကိုသတ်လိမ့်မယ် "

ယူလာတဲ့အနွေးထည်ကို ရှောင်းကျန်ကိုယ်ပေါ်ခြုံပေးလိုက်ရင်း ရှောင်းကျန်ကတော့သူပြောတာကိုတစ်ချက်သာပြုံးပြလို့ ကောင်းကင်ကိုဆက်ကြည့်နေပြန်တယ် ။

💜 Nan Hai 💜 ( Season-2 ) ( Completed )Where stories live. Discover now