Unicode
(စာရေးသူရဲ့ဖြစ်ရပ်မှန်အား အခြေခံရေးသားသည်)
ကလင် ကလင် ကလင် !!!
ဆူညံစွာထွက်ပေါ်လာတဲ့ နိုးစက်မြည်သံကြောင့်
ဂျီမင် စောင်ပုံကြားထဲကနေ အလန့်တကြား ထ ထိုင်လိုက်သည်။ မပြီးဆုံးတဲ့မြည်သံကြောင့် နာရီကို
လှမ်းကြည့်တော့ ခုနှစ်နာရီ သုံးဆယ့်။"အာ..."
ရှုပ်ပွနေတဲ့ခေါင်းကို ခပ်နာနာကုတ်လိုက်ပြီး
အပျင်းကြောဆန့်ကာ ကုတင်ပေါ်ကနေကုန်းကုန်း
ကွကွနဲ့ ရေချိုးခန်းဆီသို့ ဦးတည်လျက်။ကျောင်းအိမ်အင်္ကျီ ဘာညာသရကာ ပြင်ဆင်
ပြီး အောက်ထပ်ကိုဆင်းတော့ အမေပြင်ပေးထား
တဲ့ မနက်စာကိုဝင်စားလိုက်သည်။ အဆာပြေရုံ
ပဲစားအပြီး နာရီကြည့်လိုက်တော့ ရှစ်နာရီအတိ။ပေါင်မုန့်ယိုသုတ်ကို ပါးစပ်မှာကိုက်ပြီး ခြံထဲက
စက်ဘီးကိုယူကာ ရှစ်နာရီ လေးဆယ့်ငါးမှာ
စတော့မဲ့ကျောင်းဆီကို စတင်ခြေသုတ်တင်တော့သည်။ကျောင်းရောက်တော့ လူအတော်အများရောက်နေ
ပေမဲ့ ကျောင်းမတက်သေးတာမို့အနည်းငယ်စိတ်
အေးမိသား။ တစ်လမ်းလုံးပေါင်မုန့်စားလာတော့
ကန်တင်းက ပဲနို့တစ်ဘူးကိုဝယ်ပြီး အတန်းထဲဝင်
ထိုင်တော့ ခုံပေါ်မှာမှောက်အိပ်နေတဲ့ ထယ်ယောင်းကို တွေ့လိုက်သည်။" ထယ်ယောင်း အိပ်ရေးမဝသေးဘူးလား"
သူထယ်ယောင်းခုံဘက်ကိုလှည့်ပြီး လှမ်းပြီးအသံပေးလိုက်တော့ အိပ်မှုန်သုန်ဝါးထလာပြီး နှုတ်ဆက်တဲ့အနေနဲ့လက်လှမ်းပြသည်။
"ညက မင်းနဲ့ဂိမ်းအတူဆော့ပြီး အိပ်မယ်လုပ်သေးတယ်။ ဂျောင်ဂု က ထပ်ဆော့မယ်လာပြောတာ
နဲ့ငါလဲဝင်ဆော့လိုက်တာ မနက်သုံးနာရီမှအိပ်ရ
တယ်။ "" သြော် "
ဂျီမင် နားထောင်တဲ့အနေနဲ့ တစ်ခွန်းပဲပြောလိုက်အပြီး ကျောင်းတက်ခေါင်းလောင်းထိုးတာ
ကြောင့် သူလဲ အရှေ့ကိုသာအာရုံစိုက်ထားလိုက်သည်။မုန့်စားဆင်းချိန်ရောက်တော့ ထယ်ယောင်းကို
ကန်တင်းကိုသွားနှင့်ခိုင်းပြီး အိမ်သာထဲဝင်
နေတော့ကျောင်းသားတချို့ရဲ တီးတိုးသံတွေ
ကိုနားထောင်ကြည့်တော့ ဒီအထက်တန်းကျောင်းကို တတိယနှစ်စီနီယာတွေပြောင်းလာမယ်တဲ့။