𝐺𝑟𝑒𝑒𝑛 𝐵𝑎𝑐𝑘𝑝𝑎𝑐𝑘 (2)

300 75 8
                                    

Unicode

(စာရေးသူရဲ့ဖြစ်ရပ်မှန်အား အခြေခံရေးသားသည်)

အချစ်??

ဆယ်ကျော်သက် ကျောင်းသားတွေအတွက်ကစိတ်ကစားတာလဲ အချစ်ပဲ အချင်းချင်းသဘောကျတာကလဲ အချစ်ပဲ ...။

ကျွန်တော့်အတွက်ကရော???
ကျွန်တော်မသိဘူး။ အခုချိန်ထိ အချစ်ဆိုတာ
ရော ၊ လူတစ်ယောက်ကိုသဘောကျတယ်ဆိုတာ
ရော ကျွန်တော်မခံစားဖူးသေးဘူး။

ဒါပေမဲ့ ကျွန်တော် လူတစ်ယောက်အကြောင်းကို
အမြဲတွေးနေမိတယ်။ ထိုလူရဲ့ ပြုမှုပုံတွေ၊ အပြုံးတွေကိုအဝေးကနေ ငေးကြည့်နေမိတယ် ။
အဲ့ငေးကြည့်နေရတာကိုပဲကျွန်တော်သဘောကျတယ်။

အချိန်ကြာလာတာနဲ့ အမျှ ထိုလူကိုနေ့တိုင်း
အဝေးကနေငေးနေရတာ ကျွန်တော့်ရဲ့နေ့စဥ်အလုပ်လိုဖြစ်လာတယ်။

ဒီနေ့လဲ စက်ဘီးကို ခပ်သွက်သွက်နင်းရင်း
ကျောင်းကိုသွားနေမိတယ်။ ကျောင်းရောက်တော့
စက်ဘီးသော့ခတ်ကာ ကန်တင်းဆီသို့။

မနက်တိုင်း မင်ယွန်းဂီဆိုတဲ့လူက ကန်တင်းမှာ
သူ့သူငယ်ချင်းတွေနဲ့ ကျောင်းမတက်ခင် ရှိတယ်လေ။

မုန့်ဆိုင်အဒေါ်ကြီးဆီက ချောကလက်နို့ကိုဝယ်
ပြီး သူနဲ့ခပ်လှမ်းလှမ်းမှာထိုင်ရင် ထိုလူကို
ငေးကြည့်နေမိတယ်။

ဘာကြောင့်လဲမသိ မင်ယွန်းဂီကိုတွေ့ရင် ရင်ခုန်
တယ်။ မင်ယွန်းဂီရဲ့ အပြုံးတွေကိုမြင်ချင်တယ်။
မင်ယွန်းဂီကို အဝေးကနေခိုးကြည့်တာကို ကျွန်
တော် သဘောကျတယ်။

ကျွန်တော် ဒီလိုပြာယာခက်နေတာကို သူမသိ
လောက်ပေမဲ့ ကျွန်တော်ကတော့ သူနဲ့ဆိုပြာယာ
ခက်နေစမြဲပဲ။  ကျွန်တော်ရဲ့ ခြေလှမ်းတွေကိုတောင် ထယ်ယောင်းတို့ အနည်းငယ် ရိပ်မိနေပြီလေ။

ကျွန်တော်ဒါကို ဘာလို့သတ်မှတ်သင့်လဲ??
အချစ်လို့လဲပြောရအောင် ကျွန်တော်သူ့အပေါ်ထားတဲ့ ခံယူချက်က အဲ့လောက်ထိ မကြီးမားပါ။ ဒီတိုင်း သူကိုသဘောကျနေရုံလေးပါပဲ။

ဒီနေ့ကျောင်းကိုပုံမှန်နေ့တွေလိုရောက်သွားပေမဲ့
သူ့ကိုမတွေ့ရပါ။

𝐺𝑟𝑒𝑒𝑛 𝐵𝑎𝑐𝑘𝑝𝑎𝑐𝑘 Where stories live. Discover now