Zawgyi and Unicode

74 7 8
                                    

Zawgyi

မိုးတွေက သည်းသည်းမဲမဲနဲ့ ရွာချနေတာ....

အငြိုးသိပ်ကြီးနေသလို...

ပြတင်းပေါက်မှန်က လှမ်းမြင်နေရတဲ့ မိုးစက်တွေက
အတိတ်ကို ယူဆောင်လာပြန်တယ်....

ဒါ့ကြောင့် မိုးစက်တွေရဲ့အလွန်မှာ....

အမိုးမလုံတဲ့ ခပ်ယိုင်ယိုင် ပြင်ထောင်အိမ်ထဲမှာ ဟိုနေရာဒီနေရာကို ရေခွက်နဲ့ခံပြီး အငြိုးကြီးစွာရွာနေတဲ့ မိုးနဲ့အတူ ညိမ်းတစ်ယောက်တိတ်တိတ်လေး ငိုနေမိသည်။

ဖေဖေ့ကိုကြည့်တော့.... ဝတ်မြဲ ရှပ်ကွက်အပြဲနဲ့ ဒူးလောက်ပဲကျန်တဲ့ ဘောင်းဘီကို ဝတ်ဆင်ထားပြီး....

သောက်မြဲ အရက်ပုလင်းနဲ့...အပြီးနိုင်တဲ့ ပြုပြင်ရေးအလုပ်လုပ်နေပြန်တယ်....

ပြုပြင်ရေးဆိုတာနဲ့ မထင်မကြီးစေချင်....

ပျက် ဟောင်း စုတ်နေတဲ့ TV..အောက်စက်...စက်ဘီး...စက်ပစ္စည်းတွေပဲ....

ဖေဖေပြင်ရင် ပြန်ကောင်းတတ်တာမို့...ရက်ကွက်ထဲက ပစ္စည်းအစုတ်တွေ အိမ်မှာ လာပုံတတ်တယ်...

များများစားစားတော့ မရပေမဲ့ ဖေဖေက သူ အရက်ဝယ်လို့ပိုရင် ကျန်တဲ့ပိုက်ဆံကို...

ဒါ..သမီးကြီး ညိမ်းအတွက်...

ဒါ..သားကြီး ဖိုးအောင်..

ဒါက အငယ်မ သွယ်သွယ်

ဒါက သားလတ် ဖိုးမောင်..

ဒါကတော့ သားငယ် ဖိုးငယ်အတွက် ဆိုပြီး မုန့်ဖိုး ငါးရာ..တစ်ထောင်စီပေးတတ်တယ်...

အဲ့ချိန်ဆို မောင်နှမတွေ ပြုံးဖီးလို့...

ဖေဖေက အရက်သမားဆိုပေမဲ့ ရှိရင်ပေးတယ်..ကျွေးတယ်....
မတွန့်တိုဘူး...အဲ့ကြောင့်..ညိမ်းတို့ မောင်နှမဟာ မေမေ့ထက် ဖေဖေအရက်သမားကို ပိုချစ်ကြတယ်....

မေမေက ညိမ်းတို့ကို ရှာကျွေးနေရတယ်ဆိုပေမဲ့ အမြဲတမ်း အော်ငေါက်နေတဲ့အတွက် မေမေ့ကို ချစ်ပေမဲ့ ဖေဖေ့လောက်မချစ်...

လိုလို့ပိုက်ဆံတောင်းရင်...ပေးတယ်ဆိုတာမရှိ...ဆူဆဲရင်းပြီးတတ်သည်...တစ်ခါတစ်လေ...အပြစ်ပြောဆို ကြိမ်းမောင်းပြီးမှ ပေးတတ်တယ်... ဒါ့ကြောင့် မေမေ့ကိုဆို မတောင်းချင်....

🎉 You've finished reading 💔ချို့တဲ့လွန်းသူ💔 💔 ချို့တဲ့လွန်းသူ💔 🎉
💔ချို့တဲ့လွန်းသူ💔     💔 ချို့တဲ့လွန်းသူ💔Where stories live. Discover now