Part 3

909 93 1
                                    

လွဲလွဲလေးပဲကောင်းပါတယ်
Part 3

(ဒီနေ့နှစ်ပိုင်း upလိုက်တယ်နော်....)

နောက်နေ့ရောက်တော့......ရိပေါ်ကသူနဲ့အချိန်လဲထားသည်မို့ ရိပေါ်အချိန်ကိုသူဝင်ရမည်......ကျိရန်ကိုအစားဝင်စေချင်ပေမဲ့ ကျိရန်က ဒီနေ့ကျောင်းမလာ အရေးကြီးကိစ္စရှိလို့တဲ့......

ဟောက်ရွှမ်းလည်း စာသင်ဖို့အခန်းဝကိုရောက်နေပီ......အတန်းထဲကိုတစ်ချက်ကြည့်လိုက်တော့......ဟို ၆ယောက်က ထိုင်ပီး စကားများနေကြတယ်.....

ဟောက်ရွှမ်း

(*ဟူး.....ရိပေါ်ကသာစာသင်ရတာအဆင်ပြေတယ်လို့ပြောနေတာ....ငါ့မှာ ဒီ၆ယောက်ကိုမြင်တာနဲ့ အလိုလိုထွက်ပြေးချင်စိတ်ပေါက်နေပီ.....😌😌*)

ဟောက်ရွှမ်းတျောက် ဟို ၆ယောက်မျက်နှာကိုမမြင်ရအောင်လို့ သူ့မျက်နှာသူ စာအုပ်နဲ့ကွယ်လိုက်တယ်.....(တကယ်တော့ အဲ့၆ယောက်ကိုသူကြောက်နေတာ)

စစ်ကျွေး

"ကောတို့ ဟိုမှာ ဆရာရိပေါ်လာပီ"(ဟောက်ရွှမ်းမှန်းသူတို့မသိသေး)

ဟောက်ရွှမ်းလည်း အရဲစွန့်ပီး အတန်းထဲဝင်ဖို့ခြေလှမ်းလိုက်တယ်.......

"လျှော.....ဘုတ် အ့"

ကြမ်းပြင်မှာ ကြဲထားတဲ့ ဖန်ဂေါ်လီလုံးတွေကြောင့် ဟောက်ရွှမ်းတျောက် ချောလဲပီး ဖင်ထိုင်ရက်ပြုတ်ကြသွားတယ်......

ဟောက်ရွှမ်း

"အား နာလိုက်တာ"

ရှောင်းကျန့်တို့က ပျော်နေကြတယ်.....ဆရာ့မျက်နှာကိုတော့ သေချာမကြည့်မိသေး......

ရိပေါ်လည်း ဟောက်ရွှမ်းစာသင်တာအခြေအနေဘယ်လိုရှိလဲလို့လာကြည့်တော့....ကြမ်းပြင်မှာ ဖင်ထိုင်ရက်လေးနဲ့ဟောက်ရွှမ်းကိုတွေ့လိုက်တယ်.....

ရိပေါ်

"ဟောက်ရွှမ်း ဘာဖြစ်တာလဲ "

ကျိုးချန်

"ဟျောင့်တွေရေ....ဟောက်ရွှမ်းတဲ့ ငါတို့လူမှားပီထင်တယ်....😫😫"

ရိပေါ်

"ပြောစမ်း ဒါဘယ်သူလုပ်တာလဲ😤😤"

လွဲလွဲလေးပဲကောင်းပါတယ်......(Complete)Where stories live. Discover now